မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

စည်းကမ်းပြည့်ဝပြီး စွမ်းရည်ပိုင်းထက်မြက်တဲ့ ရုံးအရာရှိတွေ မွေးထုတ်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားခဲ့တဲ့ အပတ်စဉ် (၁) ရုံးသင်တန်းဟာ စက်တင်ဘာလ(၅) ရက်က ပြုလုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရုံးသင်တန်းဆင်းပွဲကို နိုင်ငံရေးစစ်ရေး ကော်မတီ နိုင်သူရဌေး၊ သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေဖြစ်တဲ့ ရာမညမွန်တပ်တော်က ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ ရုံးအုပ်တွေနဲ့ ဌာနဆိုင်ရာ ရုံးစာရေးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်က စစ်တပ်ဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်၊ ၅ ယောက်ထက်မနည်း သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် - ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ထုတ်ပြန်ထားပါတယ်။