အကြမ်းဖက် စစ်အုပ်စုရဲ့ သာလွန် လက်နက်နဲ့ သာလွန် လူအင်အားများစွာ ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ ၂၀၂၅ ခုနှစ်အထိ အာရှလမ်းမကြီးစိုးမိုးရေးအတွက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေကုပ်စခန်းတွေကို ကွပ်ကဲတဲ့ နည်းဗျူဟာစခန်း ၃ ခု၊ အခြေချစစ်ဗျူဟာစခန်း ၁ ခုနဲ့ တပ်ရင်းဌာနချုပ် ၈ ခုတို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် KNLA ဦးဆောင်ပြီး KNDO ၊ PDF နဲ့ MLA တို့ ပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးမျိုးစုံ၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူ သာလွန်အင်အားတွေအပြင် စစ်သားတွေကို စိတ်ကို မူးယစ်စေတဲ့ ဆေးဝါးတွေ တိုက်ကျွေးကာ သာလွန်အင်အားနဲ့ အောင်ဇေယျထိုးစစ်ကို ရက်ပေါင်း ၅၀၀ ကျော် ပိတ်ဆို့ဟန့်တားနိုင်ခဲ့တဲ့အပြင် ကော့ကရိတ်အခြေပြု စစ်အုပ်စုရဲ့ တပ်ရင်းစခန်းတွေကိုပါ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ KNU တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ နယ်မြေအတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ မဆုတ်တမ်းနယ်စပ်ခြေကုပ်စခန်း ၁၈ ခုကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးရဲ့ မြေထုနဲ့ သယံဇာတတွေကို နှစ်ပေါင်း ၇၀ ကျော် စိတ်ကြိုက်စီမံပြီး လိုအပ်တဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးမှု ရရှိထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဘယ်နိုင်ငံရဲ့ အကူအညီမှ မရှိတဲ့ KNU တပ်တွေနဲ့ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နိုင်ခဲ့တာကြောင့် အာရှလမ်းမကြီးစစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း KNLA ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀၀ ကျော်ကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့

အကြမ်းဖက်စစ်အုပ်စုက အာဏာတည်မြဲရေး သက်တမ်းတိုးလေလေ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လေလေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီက ထောင်နှင့်ချီသည့် အရပ်သားများကို စစ်မှုထမ်းခိုင်းဖို့ကြိုးစားနေ၊ ခရီးသွားများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများရှိလာ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်ဆောင်နေသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။