မကွေးတိုင်း၊ သရက်​မြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ ကားနဲ့တိုက်ယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကပစ လုပ်ငန်းသုံးပစ္စည်းတွေ တင်လာတဲ့ စစ်ကားတန်းကို တစ်နေ့တည်း ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်မေတွေအပါ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ United States Of Burma Army – USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ သရက်အခြေစိုက်၊ ကပစ (၁၂) ကနေ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်စိမ်းရောင်ကားကြီး ၂ စီးနဲ့ အင်အား ၈၀ ပါ တပ်သားတွေကို United States Of Burma Army – USBA အဖွဲ့က ညောင်ဝိုင်းကျေးရွာနဲ့ တပ်ကျေးရွာကြားလမ်းပိုင်းတစ်နေရာမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပုံမှန်ဆို ခြေလျင်လျှောက်ပြီးလာတာ အဲ့နေ့မှ ဘာစိတ်ကူး‌ပေါက်ပြီး ကားနဲ့လာတယ် မသိပါဘူး။ ကားက ၂ စီးတည်းဆိုတော့ လူတွေ မဆံ့လို့ ကားခေါင်းပေါ်တွေပါ တက်လိုက်လာကြတာပါ။ အဲ့မှာ ကျနော်တို့ရှိနေတဲ့ ကာကင်းကို တိုးလာလို့ ခြုံခို ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ။ အနီးကပ် ပစ်ခဲ့တာ ၁၀ မီတာနဲ့ ၁၅ မီတာကြားပဲ ကွာပါတယ်” လို့ United States Of Burma Army – USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။

အထက်ပါ စစ်ကြောင်းဟာ သရက်မြို့နယ်အတွင်းက စမ်းလည်၊ ကညစ်ကျ၊ ချင်းကုန်း၊ အကြီးစား၊ ပွန်းကြီး၊ ညအလပ်လယ်၊ ဇီးတော၊ စစ်သား၊ မန်ကျီးယုံ၊ သံပုရာကိုင်း၊ ပေါက်ဖြူ၊ သာဇီ၊ ရွှေပန်ကိုင်း၊ ညောင်းဝိုင်း စတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်ရင်း ၅ ရက်တာ ဝင်ရောက်စီးနင်းခဲ့သလို စစ်ရှောင်အရပ်သားပိုင် ပစ္စည်းတွေကိုလည်း ဖောကားတွေနဲ့ တိုက်ယူနေခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ အမျိုးသမီးစစ်မေတွေပါ ပါဝင်ခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် အရာရှိနဲ့ စစ်မေတွေအပါ ၁၆ယောက်သေဆုံးကာ ၈ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့လည်း ကိုဗဟိန်းက ပြောပါတယ်။

လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေသည့် United States Of Burma Army အဖွဲ့ဝင်များ



“သေတဲ့အထဲ ဒရိုက်ဘာတွေပါသွားတာရယ်၊ ကားတွေပါပျက်စီးသွားတော့ သူတို့ပြန်ပြင်နေရတယ်။ စစ်ကြောင်းက မရွေ့သေးဘူးပေါ့။” လို့ United States Of Burma Army – USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

ဒါ့အပြင် မနေ့က တစ်နေ့တည်းမှာပဲ အထက်မင်းလှမြို့နယ်ကနေ ကပစ ၁၂ ရှိရာဆီ လုပ်ငန်းသုံး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို United States Of Burma Army – USBA က သရက်-မင်းလှလမ်းပိုင်း တစ်နေရာမှာ ထပ်မံဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကွန်တိန်နာ ၄ စီး၊ လုံခြုံရေး အင်အား ၄၀ ပါ ကား ၂ စီး၊ ရှေ့ပြေးကင်း ဆိုင်ကယ် ၅ စီးနဲ့ ၁၀ ယောက်ပါ အဆိုပါ ကားတန်းကို သရက်မြို့နယ်အတွင်းက ဘော်ရဲစခန်းမြောက်ဘက် ၄ ကီလိုမီတာအကွာ၊ တဇီးကောက် ကျေးရွာအနီးမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ရှေ့ပြေးဆိုင်ကယ်တွေက ရဲ ၃ ယောက် သေဆုံးခဲ့ပြီး အလောင်းတွေကို ကပစ ၁၂ ရှိရာဆီ ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိ သရက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အထက်ပါစစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၁၄ရွာက အရပ်သား ၆ ထောင်နီးပါးစစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ကြံခင်းမြို့နယ်ထွေအုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်သားသစ် မပေးနိုင်ရင် တစ်ယောက်စာအတွက် ၈၅ သိန်း တောင်း

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရက်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းခိုင်းထားပြီး မစုဆောင်းနိုင်ရင် တပ်သားသစ် တစ်ယောက်စာအတွက် ၈၅ သိန်း သွင်းခိုင်းကာ ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။