မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ပျူစောထီးရွာကိုလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။

စက်တင်ဘာ၆ရက်၊ ဒီနေ့မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ဖက်ကနေ အနောက်ဘုန်းကန်ပျူစောထီးရွာဖက်ကို ထွက်လာတဲ့အင်အားပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ရော့ကတ်၅လုံးနဲ့ ပစ်ခတ်ခဲ့တာလို့သိရတာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ပြီး တော်လှန်ရေးတပ်များရှိရာနေရာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မြွေဟောက်ကပြောပါတယ်။
“အနောက်ဘုန်းကန်က ပျူရွာဆိုတော့ အဲ့ကနေ စစ်ကြောင်းထိုးဖို့ လာတာဗျ။ မနက် ၉နာရီလောက် သူတို့ရောက်တော့ ၉နာရီ ၄၅လောက်မှာ ရော့ကတ်တွေအတွဲလိုက် ၅လုံးပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့ အတိကျမသိရသေးဘူး၊ စုံစမ်းဆဲပါ” လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။

အနောက်ဘုန်းကန်ပျူစောထီးကျေးရွာကို ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးဆိုသူက ဦးဆောင်နေတာဖြစ်ကြီး ပျူနဲ့စစ်သား အင်အား ၈၀နီးပါးအထိရှိတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ-တပ်ရင်း(၁)နဲ့အတူ ပခုက္ကူမြို့နယ် ပကဖ-လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ Burma Revolution Rangersတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ- Cobra One တပ်ဖွဲ့အသုံးပြုသည့် ရော့ကတ်များနှင့် ပစ်ခတ်တိုက်ခိုက်နေသည့် ပုံရိပ်များ(ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငါန်းဇွန်မှာ စစ်တပ်ယာဥ်တန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ အရာရှိ၁ယောက်အပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး၊ အရာရှိအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) မှာ တပ်ရင်းမှူးအပါအဝင် လူကြီးတွေကို သီတင်းကျွတ်ကန်တော့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) က ရဲဘော်တွေဟာ တပ်ရင်းမှူးအပါအဝင် တပ်ရင်းရှိ လူကြီးတွေမှာ ဒီကနေ့မှာ မြန်မာ့ဗုဒ္ဓဘာသာထုံးတမ်းဓလေ့နဲ့အညီ သီတင်းကျွတ်အခါသမယမှာ ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

ပုသိမ်ကြီးတွင် စစ်ကောင်စီ လေကြောင်းရော လက်နက်ကြီးပါ ဆက်တိုက်ပစ်ခတ်နေ၊ စစ်ရှောင် ဒဟတ္တော အရပ်သားများကိုလည်း ရွာအတွင်းအဝင်မခံဘဲ နှင်ထုတ်နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရှောင်အရပ်သားတွေကို ရွာထဲပေးမဝင်ဘဲ မောင်းထုတ်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထိုရှိ စစ်ကောင်စီ၏ ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းမှာရှိတဲ့ ကာကင်းစခန်းတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။