အကြမ်းဖက်စစ်အုပ်စုရဲ့ အွန်လိုင်းကို အသုံးပြုပြီး ဝါဒဖြန့်ချိမှုနဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိပြုပြီး သတင်းတု၊ သတင်းမှားတွေကို သိရှိနားလည်ကာ မဖြန့်ချိမိဖို့ တအာင်းတပ်မတော်(TNLA)က သတိပေးတိုက်တွန်းလိုက်ပါတယ်။

TNLA သတင်းပြန်ကြားရေးဌာနရဲ့ စက်တင်ဘာလ ၅ ရက်က ဖော်ပြခဲ့တဲ့ ဩဂုတ်လထုတ် စာစောင်ရဲ့ အယ်ဒီတာ့အာဘော် ကဏ္ဍမှာ စစ်အုပ်စုရဲ့ အွန်လိုင်းမီဒီယာတွင် ဝါဒဖြန့်ချိမှုနှင့် Propaganda နဲ့ပတ်သက်ပြီး ဖော်ပြထားတာဖြစ်ပါတယ်။

စစ်အုပ်စု ဝါဒဖြန့်ချိမှုတွေကြောင့် ပြည်သူလူထုအနေနဲ့ မီဒီယာကိုနားလည်ကာ သတင်းတု၊ သတင်း မှားတွေကို သိရှိနားလည် ရှောင်ရှားတတ်ဖို့နဲ့ ဆက်လက်မဖြန့်ချိဖို့အပြင် သတင်းတု၊ သတင်းမှားတွေရဲ့ အန္တရာယ်ကို သိရှိဖို့ အရေးကြီးလာတယ်လို့ TNLA က ဆိုပါတယ်။
Facebook နဲ့ Telegram လူမှုကွန်ရက် မီဒီယာတွေမှာ စစ်အုပ်စုက အကောင့်တု အများအပြားဖွင့်ထားပြီး စစ်တပ်က ကောင်းမွန်ကာ တော်လှန်ရေးအဖွဲတွေကို တိုက်ခိုက်တဲ့ အကြောင်းအရာတွေ လိုက်လံရေးသားစေသလို အွန်လိုင်းလူမှုကွန်ရက်ပေါ်က နာမည်ကြီးသူတွေ ရေးသားတဲ့ အကြောင်းအရာတွေ၊ သတင်း ဌာနတွေရဲ့ သတင်းတင်ဆက်မှုအောက်တွေမှာ အုပ်စုလိုက် မှတ်ချက် ရေးသားတာတွေ ပြုလုပ်လာတယ်လို့ TNLA သတင်းပြန်ကြားရေးက ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့ အာဏာရှင်ဖြုတ်ချရေးကို ကြုံ နေရပြီး နိုင်ငံတကာရဲ့ အရေးယူပိတ်ဆိုမှုတွေနဲ့အတူ ဘက်ပေါင်းစုံ အကြပ်အတည်း ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ဝါဒဖြန့်ချိရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတယ်လို့လည်း TNLAက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ကျောတိုက်နယ်တွင် ပြည်သူ့စစ်ဖွဲ့ခံရမှုမှ တိမ်းရှောင်လာသည့် နှစ်ရှည်စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်ဖြည့်တင်းမှုနဲ့ ပြည်သူ့စစ်ဖွဲ့မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် အရပ်သားတွေအတွက် အကူအညီ​ အထောက်အပံ့တွေလိုအပ်နေကြောင်း ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ အထိနာသည့် စစ်အုပ်စု လေကြောင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်‌ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။