စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ ဩဂုတ်လ ၁၆ ရက်ကနေ စတင်ကာ ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါ လမ်းမတလျှောက် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာပေါင်း ၃၀ ၀န်းကျင်က ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုအခါ စစ်ဘေးရှောင်ကာလက နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ရာ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က ဆေးကုသမှုပေးပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေကို ဆန်နဲ့ အသုံးစရိတ် ၁၀၀,၀၀၀ (တစ်သိန်း)ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ် ပကဖရဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းအခြေစိုက် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ လက်နက်တင်ဆင်ခြင်း စက်တင်ဘာ ၂၀ ရက်က တပ်ရင်း စခန်းနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး နှလုံးဖောက်သေဆုံး…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ယောက် နှလုံးဖောက်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အထိနာထားသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ​တွေက လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ စလင်းမြို့နယ်​မြောက်ဘက်အခြမ်းမှာ အကြမ်းဖက်စစ်ကြောင်း ဝင်​ရောက်နေတဲ့အတွက် ရွာပေါင်း ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။