ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆီးကြိုတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ယောက်ထက်မနည်း သေဆုံးပြီး RPG နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။

ကျောက်ကြီးမြို့နယ်၊ သံဘိုရွာအခြေစိုက် ခလရ (၆၀) တပ်နဲ့ ပျူစောထီးတွေပါဝင်တဲ့ စစ်အင်အား ၁၀၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာလ ၂ရက်နေ့မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်းနဲ့ KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့သိရပြီး စစ်အုပ်စုဘက်က လေကြောင်းပစ်ကူတွေပါသုံးရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ စောဒိုရှင်းက ပြောပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များနှင့်အတူ တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

“သူတို့က ကျောက်ကြီးမြို့နယ်ထဲက ကျနော်တို့ စိုးမိုးထားတဲ့နယ်မြေတွေကို ကျူးကျော်လာတယ်ပေါ့။ ဒီမှာ ကျနော်တို့က ဆီးကြိုတိုက်ခိုက်တယ်။ သူတို့ဘက်က ဗိုလ်ကြီးအပါ ၈ယောက်ထက်မနည်း သေတယ်ပေါ့။ သူတို့ဘက်က လေကြောင်းနဲ့ ပေါင် ၁၀၀ ကြဲတယ်။ လက်နက်ကြီး ၁၂၀ နဲ့ ၆၀မမတွေလည်း ပစ်ခဲ့ပါတယ်။ အခက်အခဲတော့ရှိခဲ့တာပေါ့။ သူတို့ လက်နက်ကြီးကြောင့် အရပ်သားတစ်ယောက် ထိတယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး။ ကံကောင်းပါတယ်။ ” လို့ PDF ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ဗိုလ်ကြီး ၁ယောက်အပါအဝင် အကြမ်းဖက်စစ်သား ၈ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေဆီက RPG (၁)လက်၊ လက်နက်ငယ် (၇)လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတချို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖြူးမှာ မြို့နယ်ပကဖက ရေဘေးသင့်အိမ်ထောင်စုတွေကို အလှူငွေနဲ့ ရိက္ခာခြောက်တွေ ကူညီပံ့ပိုးခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ရေဘေးဒဏ်သင့်ရွာတွေဆီကို အလှူရှင်တွေကိုယ်စား စက်တင်ဘာလ ၂၃ ရက် မနေ့က ဖြူးမြို့နယ် ပကဖနဲ့ ပအဖတို့ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

လာမယ့် ရွေးကောက်ပွဲဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခု ဟု ခင်ရီ ပြောသလို စစ်တပ်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်နိုင်ရင် အဲဒီအစိုးရ ပြုတ်ကျမည်ဟု ဆိုပြန်

လာမယ့်အတုအယောင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ်ဆိုရင် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့သူကို မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောဆိုခဲ့သလို စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
Read More

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုသာဖြစ်လို့ လုံး၀ လက်မခံကြောင်း ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ  လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေမဟုတ်ဘဲ  နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ – စာနာသင်္ကြန် ကိုရီးယားမှာ ပြုလုပ်ရာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့မှာ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန်ကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် ပျူစောထီးရွာကိုသွားသည့် ဒုရဲအုပ်နှင့် ရဲတပ်သား ကြားဖြတ်ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို သွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်လုံး သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။