မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု အင်အား ၁၀၀ နီးပါးတပ်စွဲထားတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ရာ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် မနေ့က နေ့လည်ပိုင်းမှာ ပျူစောထီးခေါင်းဆောင် သဃ်န်းဝတ် ဝါယမ အခြေချရာ ညောင်ဂျစ်ပင်ပျူစောထီးစခန်းရှိရာကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးသီးတွေဟာ ဝါယမရဲ့ ကျောင်းအပါအဝင် ပျူစခန်းအတွင်းက ဘန်ကာတွေနဲ့ စစ်အုပ်စုတန်းလျားတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။

” Scout ကင်းထောက်ဒရုန်းနဲ့ ကြည့်တာအရဆို သေတာ ၁ ကောင်နဲ့ ၃ ကောင်ဒဏ်ရာရပါတယ်။ အသေးစိတ်ကို စုံစမ်းဆဲပါ။ ခေါင်းဆောင် ဝါယမ ကတုံးကတော့ ပခုက္ကူစစ်ကြောင်း မလာခင်တည်းက နေပြည်တော်မှာ သွားရှောင်နေတာ။ အဲ့ကနေပဲ သူ့တပည့်တွေကို control လုပ်နေပါတယ်။” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ အညာမြေတပ်ပေါင်းစုရဲ့ Drone Team စတင်ဖွဲ့စည်းတဲ့ ပွဲဦးထွက်အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပြီး အလင်းတန်းပြောက်ကျားတပ်ဖွဲ့နဲ့ PI Pdf အဖွဲ့ကလည်း ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“ပြောင်းလဲနေတဲ့ နည်းပညာစစ်ပွဲတွေရဲ့နောက်ကို အညာမြေတပ်ပေါင်းစုက လိုက်ပါနေပါတယ်။ အညာမြေတပ်ပေါင်းစုက နည်းပညာပိုင်းကျွမ်းကျင်တဲ့ ရဲဘော်တွေနဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့အပြင် Drone team ကိုလည်း ထပ်မံဖွဲ့စည်းလိုက်ပါတယ်။” ဆိုပြီး​တော့ အညာမြေတပ်ပေါင်းစု က ပြောထားပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်အတွင်းက ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာလည်း လက်ရှိမှာ ဆိပ်ဖြူမြို့နယ်ဘက် ဦးတည်နေတာကြောင့် လမ်းပိုင်းတစ်လျှောက်က အရပ်သားတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေ သတိထားကြဖို့ အညာမြေတပ်ပေါင်းစုက အသိပေးထားပါသေးတယ်။

ပုံစာ – အညာမြေတပ်ပေါင်းစုနှင့် မဟာမိတ်များ ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေစဥ်
0 Shares:
You May Also Like
Read More

မြင်းခြံခရိုင်အတွင်း စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၊ နှစ်ဖက်ထိခိုက်မှုများရှိသလို စစ်အုပ်စုက လေကြောင်း အဆက်မပြတ် အသုံးပြုနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်နဲ့ တောင်သာမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြောင်နဲ့ ရေစကြိုအစပ်မှာ စက်လှေများဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွား၊ စစ်သား အလောင်း ၅ လောင်းနဲ့ ၆ ယောက် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ…

မကွေးတိုင်း၊ မြောင်နဲ့ ရေစကြိုမြို့နယ်အစပ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်းတွေနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တယ်လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။