အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်အမတ်တွေအတွက် သတ်မှတ်ပေးထားတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားလျက်ရှိတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပါတယ်။

အင်ဒိုနီးရှား လွှတ်တော်အမတ်တွေဟာ တလကို ရူပီသန်း ၅၀ ( အမေရိကန်ဒေါ်လာ ၃,၀၀၀) တန်ဖိုးရှိ လစဉ်ထောက်ပံ့စရိတ်ရရှိကြောင်း သတင်းတွေကြောင့် ပြည်သူတွေ ဒေါသထွက်ပြီး ယခုသီတင်းပတ်အစကတည်းက ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပါ။

အဆိုပါ ထောက်ပံ့ကြေးပမာဏဟာ အင်ဒိုနီးရှားရဲ့ ပျမ်းမျှဝင်ငွေထက် ဆယ်ဆကျော် ပိုများနေတာလည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၂၈ ရက် ကြာသပတေးနေ့ညက ဂျကာတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတခုမှာ အသက် ၂၁ နှစ်အရွယ် ဆိုင်ကယ်တက္ကစီမောင်းသူတဦးကို ရဲတပ်ဖွဲ့ရဲ့ သံချပ်ကာကားတစီးက ဝင်တိုက်ခဲ့ပြီး ၎င်းအသက်အသက်ဆုံးရှုံးခဲ့ရတာကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

၎င်းကိစ္စကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်အတွင်း ပျံ့နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ အင်အားအလွန်အကျွံ သုံးမှုအပေါ် ပြစ်တင်ရှုံ့ချမှုများစွာရှိနေပါတယ်။

၎င်းသေဆုံးမှုအပြီး မာကာဆာမြို့က ဆန္ဒပြသူတွေဟာ သောကြာနေ့ညက ဒေသဆိုင်ရာ ကောင်စီအဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ကြောင်း၊ ထိုမီးလောင်မှုအတွင်း ခရိုင်အရာရှိတဦး၊ လုံခြုံရေးဝန်ထမ်းတဦးနဲ့ လွှတ်တော်အမတ်ရဲ့ လက်ထောက်တဦး သေဆုံးခဲ့ရတယ်လို့ မြို့ရဲ့ အရပ်ဘက်ကာကွယ်ရေးဌာန အကြီးအကဲ Fadli Tahar က ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သမ္မတဖြစ်လာခဲ့တဲ့ Prabowo Subianto က ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောကြားရာမှာ အကြမ်းဖက်မှုတွေ နောက်ထပ်မလုပ်ဖို့ သတိပေးထားပြီး စိတ်အေးအေးထားကြဖို့နဲ့ ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။
News- DPA

0 Shares:
You May Also Like
Read More

မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်သည့် နည်းပညာကို တရုတ်ကုမ္ပဏီ စစ်တပ်ထံ ရောင်းချ

အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။
Read More

မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ခြေရာခံနိုင်ထားပြီး အစွမ်းကုန်တိုက်ဖျက်ချေမှုန်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

နယူးယောက်မြို့တွင် ကျင်းပသည့် “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဥ်ဖြင့် အခမ်းအနားကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

ဘန်ကောက်က တရားမဝင် ဘားတခုကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ မူးယစ်ဆေး သုံးထားတဲ့ မြန်မာ ၄၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ မွေးနေ့ပါတီအတွက် စုဝေးနေကြတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးကို မူးယစ်ဆေးသုံးပြီးအခြေအနေနဲ့ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။