ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က လက်ခံကြိုဆိုထားပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် အရေးပါတဲ့ တွန်းအားတခုဖြစ်လာမယ်လို့ ပြောဆိုထားပါတယ်။ 

လက်ရှိ ထိုင်း-မြန်မာနယ်စပ်က ယာယီခိုလှုံရာစခန်းတွေမှာ ဆယ်စုနှစ်များစွာ နေထိုင်လျက်ရှိတဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေ ၈၁၀၀၀ လောက်ရှိနေပြီး အဲဒီထဲက ထက်ဝက်နီးပါးဟာ စခန်းထဲမှာပဲ မွေးဖွားကြီးပြင်းလာကာ လူသားချင်းစာနာမှု အကူအညီတွေကို အဓိက မှီခိုနေခဲ့ကြရပါတယ်။ 

UNHCR ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Tammi Sharpe က ဒီမူဝါဒသစ်ဟာ အရေးပါတဲ့ “အလှည့်အပြောင်း” တခုဖြစ်ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်က ဒုက္ခသည်တွေကို ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကူညီပေးရုံသာမက ဒေသစီးပွားရေးတွေကိုပါ အကျိုးပြုစေပြီး ထိုင်းနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားကောင်းစေလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

“ဒီလူတွေရဲ့ စွမ်းရည်တွေကို အသုံးချခွင့်ပေးခြင်းဟာ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာမူတွေကို ထိန်းသိမ်းရုံသာမကဘဲ၊ သူ့ရဲ့ အနာဂတ်အတွက်ကိုလည်း မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတခု လုပ်ဆောင်နေတာ ဖြစ်တယ်” လို့ Ms. Sharpe က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းအား ၂ဝ၁ဝ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ AFP)

အခုလို နယ်စပ်ဒုက္ခသည်စခန်းတွေထဲက မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုလိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ၄၂၀၀၀ ခန့် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

UNHCR ကတော့ မနေ့ကဆုံးဖြတ်ချက်ဟာ လူဦးရေ အကန့်အသတ်တခုအတွက်ပဲ အကျုံးဝင်နေသေးတာကြောင့် ဒီထက်ပိုမိုကျယ်ပြန့်တဲ့ ဒုက္ခသည်တွေ ပါဝင်ခွင့်ရအောင် ဆက်လက်တိုက်တွန်းသွားမှာဖြစ်ကြောင်း၊ ဒီမူဝါဒသစ်ကို အကောင်အထည်ဖော်ရာမှာ ထိုင်းအစိုးရကို ကူညီဖို့လည်း အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။ 

အခုအစီအစဉ် ထွက်ပေါ်လာချိန်ဟာ ကမ္ဘာတဝန်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီပေးရေး ရန်ပုံငွေတွေ ဖြတ်တောက်ခံနေရချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ဒီလုပ်ရပ်ဟာ ရေရှည်တည်တံ့ပြီး အခွင့်အရေးအခြေခံတဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒတွေအတွက် ဒေသတွင်း စံနမူနာတခု ဖြစ်လာနိုင်တယ်လို့ UNHCR က ရှုမြင်ပါတယ်။

ဒါ့အပြင် ဒီကြေညာချက်ဟာ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရတာ ရှစ်နှစ်ပြည့်မြောက်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် သူတို့အခက်အခဲတွေအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ 

ကိုးကား – Thailand grants work rights to long-term refugees from Myanmar, UN welcomes resolution

0 Shares:
You May Also Like
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံထံ တောင်းဆိုထားဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC အစည်းအဝေးကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK က တိုက်တွန်းလိုက်ပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
Read More

EU က မြန်မာကို ယူရို ၃၃သန်းကျော် ထောက်ပံ့ကူညီမယ်

မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။