တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဦးစီးကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ DDT တပ်ဖွဲ့က က ထုတ်ပြန်ထားပါတယ်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) အနေနဲ့ ပြည်သူ့ဆန္ဒမပါဘဲ အကြမ်းဖက်စစ်ကောင်စီ ဦးစီးကျင်းပနေ​တဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်သွားမှာဖြစ်တဲ့အတွက် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စစ်ကောင်စီတပ် အလိုကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူပေးမယ့် ထောင်တိုင်တွေကိုလည်း DDT တပ်အနေနဲ့ ပြည်သူ့ဆန္ဒအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်တွင် တပ်ကြပ်ကြီးဖမ်းခံရပြီးနောက် ထိုးလာသည့် စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရကာ ၆ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ တပခတပ်က တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ယောက် ဖမ်းဆီးခံရပြီးနောက် စစ်ကြောင်းတွေ ခွဲထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ယောက်သေပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမှာ သီးစား တောင်သူတွေဆီ ငွေလာကောက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လုံခြုံရေး တပ်ခွဲ (၂) ရဲ့တပ်ကြပ်ကြီး မြင့်လွင်ကို ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း-၃၅၀၄ က လက်ရအရှင်ဖမ်းဆီးခဲ့ပါတယ်။
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။