တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force – YPPDF ထံက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက က မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းစစ်သား တွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းကလည်း မောင်မယ်ရှောင်ရွာရှိ အကြမ်းဖက်စစ် သားတွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္ကားသစ္ဆတ် (ကျားသစ်နက်) ၊ တပ်မဟာ ၆ တပ်ရင်း ၂၇၊ Eastern Defense Force (EDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ရေးအရှိန်တိုးမြင့်လာနေတဲ့အတွက် မိဘပြည်သူများအ နေနဲ့ စစ်ရေးအသိသတိနဲ့ နေထိုင်သွားလာကြရန်၊ စစ်ကောင်စီလက်အောက်ခံ စစ်သည်တော်နဲ့ ရဲတပ်သားတွေလည်း ပြည်သူ့ရင်ခွင်ခိုလှုံ့ကြရန်လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့ရဲစခန်းကို လေကြောင်းကချပေးတဲ့ လက်နက်ခဲယမ်းတွေ PDF သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲစခန်းဆီ ဇန်နဝါရီ ၂၂ ရက်က လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖထံက သိရပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ယာဉ် ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ ယောက်ခန့် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

မင်းလှမြို့နယ် စမ်းဘုတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထိုင်း LGBT အလှမယ် တောင်းဆို (ရုပ်/သံ)

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LGBT အလှမယ်ပြိုင်ပွဲမှာ အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Read More

ဘန်ကောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၄ ရက်က ဘန်ကောက်မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ Free Aung San Suu Kyi - Violently Detained The Myanmar Military Junta! စာသားပါ ပို စတာကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။