အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ 

ဒီအခြေအနေကို ထိန်းသိမ်းတာဟာ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်ပေမယ့် အဲဒီဝန်ထမ်းတွေ မရှိတာကြောင့် တော်လှန်ရေးရဲဘော်တွေက အချိန်မှီ ပင်မရေထိန်းတံခါးကနေ ထိန်းညှိပြီး ရေလွှတ်တာတွေ၊ ရေပိုလွှဲကနေ ရေစီးဆင်းမှု ကောင်းစေဖို့ အမှိုက်ရှင်းတာတွေ၊ တမံကြံ့ခိုင်မှု စစ်ဆေးတာတွေကို နေ့ညမပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

“အရင်ရက်က ဆည်ကရေဝင်များပြီး ကျိုးတော့မလိုဖြစ်သွားတာ ဆည်မြောင်ဝန်ထမ်းမရှိတော့ ကျနော်တို့ ရဲဘော်တွေ အချိန်မှီ ရေလျှော့ပေးလိုက်လို့ နို့မို့ဆို ဆည်ကျိုးပြီး အုတ်ဖိုမြို့ပါ ရေမြုပ်သွားမှာ။” လို့ တပ်ရင်း ၃၈၀၂  PDF အဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။ 

အထက်ပါ လုပ်ဆောင်ချက်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ကနေ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက ပြည်သူ့အသက်၊ အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်လည်း ရှိတာကြောင့် ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများ၏ အားကိုးတကြီး တိုင်ကြားမှုများကို ခပ်မြန်မြန် ဖြေရှင်းပေးကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သူ့အစိုးရအဖွဲ့ဝင်များအား တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၅)ကို မတ် ၂၀ ရက် မနေ့က မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းလှအတွင်း ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထား

အလားတူ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ရွေးကုန်းရွာမှ အိမ်ခြေ ၅လုံး ၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာမှ အိမ်ခြေ ၄လုံးအပြင် ဇွန်လ ၂၃ ရက်နေ့မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာမှ အိမ်ခြေ အလုံး ၂၀လုံးခန့်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှ အိမ်ခြေ၈လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာမှ အိမ်ခြေ ၈လုံး၊ ဂန့်ဂေါ်ပင်မှ အိမ်ခြေ ၅လုံး၊ ငလှစမ်းရွာမှ အိမ်ခြေ အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောက်ဒဂုံ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး လက်ပစ်ဗုံး ၂ လုံးစီ ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ထံက သိရပါတယ်။