မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 

ပျောက်ဆုံးနေတဲ့ အိုးဝေသမားဟာ အသက် ၄၀ကျော်အရွယ် ကိုညီညီအောင်ဖြစ်ပြီး အိုးဝေမောင်းကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။ 

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ အိုးဝေပေါ်မှာ ပါဆယ်ထုပ်တွေကို တင်ဆောင်ပြီး ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ထဲက သူ့ရဲ့တူဖြစ်သူထံ သွားပို့ခဲ့ပြီး အပြန်မှာ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“၂၃ရက်နေ့ ညနေပိုင်းမှာ နန်းဦးလွင်ကနေအပြန် ၆နာရီခွဲအချိန်လောက်အထိ သူ့မိန်းမနဲ့ ဖုန်းနောက်ဆုံးပြောခဲ့ပြီး သူပြန်လာနေပြီဖြစ်ကြောင်း ဆက်သွယ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အခုချိန်ထိ လူလဲရောက်မလာ ဖုန်းတွေလည်း ဆက်သွယ်လို့မရတော့ဘဲ ပျောက်ဆုံးနေတယ်။ အခုက စစ်အုပ်စုကဖမ်းသွားတာလား… လုယက်သူတွေနဲ့ တွေ့ပီး ခံရတာလား… ဆိုတာ မသိရသေးတာတော့ မိသားစုက စိတ်ပူစိုးရိမ်နေကြတယ်။” လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မန္တလေးမြို့ပေါ်နေရာတွေမှာ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် မြို့ခံပြည်သူတွေဟာ ညပိုင်းဆို အပြင်မထွက်ရဲလောက်အောင် စိုးရိမ်နေကြရတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ 

ကိုညီညီအောင်ရဲ့ အမျိုးသမီးဖြစ်သူကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်မှာထက်မှာ “ကျွန်မ အမျိုးသား မောင်ညီညီအောင်သည် 23.9.2024  ည 6:30 တွင် အိမ်ပြန်လာနေပြီလို့ ဖုန်းဆက်သွယ်ပြောဆိုပြီးနောက် အိမ်သို့ ရောက်မလာ…ဖုန်းများဆက်သော်လည်း ပြန်လည်ဖြေကြားမှုမရှိတော့ဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်၍ အိုးဝေ (18U-3687) နှင့် လူပါ ပျောက်ဆုံးနေပါသည်။ တွေ့ရှိပါက ၀၉-၄၀၂၆၈၇၆၂၂ /  ၀၉-၂၅၉၇၀၀၇၀၁ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်။” လို့ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားအံကနေ ကော့ကရိတ်ကို တက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ် ဖားအံဘက်ကနေ ကော့ကရိတ်မြို့နယ်ဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာပို့တဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၅ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။