မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်၊ ဒီနေ့မနက်အစောပိုင်းကစပြီး မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းနဲ့ ရတနာပုံသင်္ဘောကျင်းကနေ ထွက်ခွာလာတဲ့ စစ်သင်္ဘော ၁၂ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာရင်း ပုသိမ်ကြီး၊ မတ္တရာနဲ့ ဝက်လက်မြို့နယ်တွေကို ဖြတ်ကျော်လာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီသင်္ဘောတွေဟာ ပုသိမ်ကြီးမြို့နယ်၊ ကျွန်းဆင်ရွာအပါအဝင် မတ္တရာမြို့နယ် နန်းတော်ကျွန်း၊ နန်းသုံးဆယ်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ ရွှေဘိုကြီး၊ ရှင်လှတောင်၊ ပိုဝတောင်၊ စိန်ပန်းကုန်း၊ ဥဒိန်ရွာတွေကို ဖြတ်ကျော်ခဲ့တယ်လို့ သိရပါတယ်။

ဆန်တက်လာတဲ့ သင်္ဘောတွေထဲမှာ တိုက်ခိုက်ရေးသင်္ဘော ၄ စီးနဲ့အတူ မိုးကာအုပ်ဖလက် ၆စီးနဲ့ သံခွန် ၂စီးတို့ ပါဝင်ပြီး မိုးကာအုပ်ဖလက်သင်္ဘောတချို့ကို အရပ်သားတွေဆီက ချောဆွဲယူဆောင်ကာ သဲအိတ်တွေတင်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

အခုလိုမျိုး စစ်သင်္ဘောတွေ သွားလာနေမှုကြောင့် မြစ်ဘေးဝဲယာကျေးရွာတွေဟာ စစ်အုပ်စုရဲ့ လက်နက်ကြီးအန္တရာယ်ကို အဓိက ကြောက်လန့်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့လည်း Voice Of Mandalay တာဝန်ရှိသူက ပြောပါတယ်။

“ဧရာဝတီထဲ မြစ်ကြောင်း ၃ ခုရှိတာ အရှေ့ဆုံးမြစ်ကြောင်းကနေ တက်လာကြတာပါ။ သဖန်းဒေါင့်နားရောက်တော့ လက်နက်ကြီးပစ်သံ ကြားရတယ်။ သင်္ဘောက စုစုပေါင်း ၁၂စီးပါ။ ဗန်းမော်ဘက်တက်မယ်လို့ ယူဆရတယ်။ ပြည်သူတွေရဲ့ သင်္ဘောတွေပါ ချောဆွဲလာတာ.. သဲအိတ်တွေတင်ပြီး တက်လာတာပါ။ မတ္တရာ အနောက်ခြမ်းကလည်း စကစ စစ်တပ်လွှမ်းမိုးထားတယ်။ အဲ့တော့ ဝက်လက်ဆိပ်ကမ်းဘေးနေတဲ့ ပြည်သူတွေလည်း ဘေးလွတ်ရာ ရှောင်နေကြရတယ်ပေါ့။ သင်္ဘောတွေသွားရင်တော့ ရွာထဲပြန်ဝင်ကြပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာ အထက်ပါစစ်ရေယာဥ်တွေထဲက တချို့ဟာ ဝက်လက်နယ် ရှိန်းမကားကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ရက် မနက်ပိုင်းက ဝက်လက်မြို့နယ် ရေလည်မော်ရွာဆိပ်ကမ်းကို တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အသက်၅၀အရွယ် အမျိုးသား ၁ယောက် သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရသူများခဲ့တယ်လို့ သိရပါတယ်။

“အခုလည်း ဒီကောင်တွေ လေကြောင်းပါ အသုံးပြုမလားတော့ မသိဘူးဗျ။ ဂျက်ဖိုက်တာတွေကော Mi17 တွေရော တက်ပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူက ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေ ခက်ခဲနေတဲ့ကြားက မြို့ပတ်ရထားလက်မှတ်ခတွေကို စစ်ကောင်စီ တိုးမြှင့်ကောက်ခံမယ်

ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။