ပြီးခဲ့တဲ့ ဇွန်လ စတုတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား နဲ့ ရဲ ၂၃ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် အယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်သား ၁၉ ယောက်၊ ရဲ ၁ ယောက်နဲ့ ပြည်သူ့စစ် ၃ ယောက်တို့ ဖြစ်ပြီး အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းမှာ စစ်သား တစ်ယောက်နဲ့ ရဲတစ်ယောက်၊ မွန်ပြည်နယ်မှာ စစ်သား ၄ ယောက်၊ ၊ ရန်ကုန်တိုင်းမှာ ၂ ယောက်၊ မကွေးတိုင်းက ၅ ယောက်၊ ပဲခူးတိုင်းက စစ်သား ၁ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက်၊ စစ်ကိုင်းတိုင်းမှာ ပြည်သူ့ စစ် ၂ ယောက် ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အယောက် ၄၀ ကတော့ မန္တလေးတိုင်းမှာ ၂ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၉ ယောက်၊ ပဲခူးတိုင်းမှာ ၂၃ ယောက်၊ ကရင်ပြည်နယ်မှာ စစ်သား ၄ ယောက်နဲ့ ပဲခူးတိုင်းမှာ ရဲတပ်သား ၂ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် ၂၀၂၅ ဇန်နဝါရီလကနေ ဇွန်လအထိ အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့တဲ့ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၉၂ ယောက်ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃) မှ ရဲဘော် ၄ ဦးကျဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင်တပ်ရင်း ၃ (Myanmar Defense Force) က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၊ နေ့လယ် ၁ နာရီ အချိန်မှာ အင်အား ၁၅၀ခန့်နဲ့ ရေးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။