တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၇ရက် မနက်အစောပိုင်းလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်အုပ်စုရဲ့ အထိုင်စခန်းဖြစ်တဲ့ သုခစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီးတဲ့နောက် စခန်းစွန့်ခွာကာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“တစ်ရက်ပဲတိုက်ရတယ်။ သူတို့က ထွက်ပြေးချင်တာကြာပြီ။ သူများမသွားတော့ သူတို့ထွက်ပြေးမရဲဘူး။ သေနတ်မဖောက်ဘဲ ထွက်ပြေးရင် အရေးယူခံရတယ်လေ။ သေနတ်ဖောက်သံပေးတော့ သူတို့ထွက်ပြေးသွားတာ.. ထိတွေ့မှုတော့ဖြစ်တယ်။ ကျနော်တို့ ဒရုန်းနဲ့ ပစ်လက်နက်ကြီးနဲ့ ပစ်ပြီးမှ သူတို့ထွက်ပြေးတာ၊ နည်းနည်းပါးပါးတော့ ပြန်ခံပစ်တယ် ” လို့ KNU မြိတ်−ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကိုပြောပါတယ်။

စစ်ကောင်စီအင်အား ၂၀ ကျော်ရှိတဲ့ အဆိုပါ စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ အရှင်ဖမ်းဆီးရမိတာမျိုး မရှိသလို စခန်းကို ရှင်းလင်းရေးလုပ်နေဆဲ ဖြစ်တာကြောင့် သိမ်းဆည်းရရှိထားတာတွေလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ သုခစခန်းမှာ စစ်ကောင်စီတပ်တွေဟာ ၁၉၉၇ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးတပ်တွေက ထိုင်း-မြန်မာနယ်စပ်က စစ်အုပ်စုရဲ့ ထီးထဗျူဟာစခန်းကုန်းနဲ့ ထီးခီးကုန်သွယ်ရေးစခန်းတို့ကို ဧပြီလနဲ့ မေလတွေမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ အတွင်းမှာလည်း ဗောဓိစခန်းနဲ့ ငါးရံ့နီစခန်းတို့ကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ရေထဲခုန်ချ

ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ အမျိုးသမီးတစ်ဦး ရေထဲခုန်ချပြီး ကိုယ်ကိုယ်ကို သတ်သေမှု ဖြစ်ပွားကာ သေဆုံးခဲ့ရတယ်လို့ Yangon Rescue Organization အဖွဲ့ ဆီကသိရပါတယ်။ သေဆုံးသွားသူ အမျိုးသမီးရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာကို မသိရသေးဘဲ လက်ရှိမှာရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အဆိုပါအဖွဲ့ဆီက သိရပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် LPDF ဆီ လက်နက်မဲ့ အလင်းဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။