ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အရပ်သားတွေ အိပ်မောကျချိန် လာရောက်ဗုံးကြဲချမှုကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးကာ ၁၅ယောက်ခန့် ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနဲ့ ဟိုတယ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“စက်တင်ဘာလ ၂၄ရက် အစောပိုင်း ညဉ့်နက်နေတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့လာကြဲတာ။ မနက်၁နာရီကျော် လူတွေအိပ်မောကျနေတဲ့အချိန် နောက်တစ်လုံးက မနက်၄နာရီ တစ်ကြိမ်လာကြဲချသွားတာ” လို့ လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
“ရပ်ကွက်ထဲမှာရှိတဲ့ ရထိုက်ဟိုတယ်၊ ဖူလီလိုက်ဟိုတယ်တွေ ထိခိုက်ပျက်စီးတာ ရှိတယ်။ လပ်ကီးရွှေဆိုင်ကို ဗုံးသီးကျလို့ အမျိုးသမီး ၁ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်” လို့ အမှတ်၂ရပ်ကွက်နေ ဒေသခံကပဲ ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ လူနေရပ်ကွက်အတွင်းကို ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လားရှိုးမြို့ကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးပုံများ

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားရာ စစ်သား ၁ ယောက် သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၂ ယောက် သေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။