မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေဆုံး​ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၄ ရက် မနေ့က မွန်းတည့်အချိန်က ပွင့်ဖြူမြို့နယ်၊ ရေ‌‌ပုတ်ကလေးကျေးရွာအနောက်ဘက် ချောင်းဖြူ‌‌ပေါင်းမှာ စစ်သားနဲ့ ပျူစောထီး ခန့်မှန်းအင်အား (၈၀)ခန့် ထွက်ခွာလာချိန် ကြိုတင်စောင့်ဆိုင်းပြီး လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နာရီဝက်ကျော် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းက မျက်မြင် (၂) ယောက် သေဆုံးကာ (၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ မြိုင် ပကဖ က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်/ပေါက်/ပခုက္ကူ ပကဖ နဲ့ ပခုက္ကူ PPDF ၊ 7 Stars ဗိုလ်စနေအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိခဲ့ပေမယ့် လက်နက်အနည်းငယ် ပျက်စီးခဲ့တယ်လို့ မြိုင် ပကဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ‌နေရာတွေဆီ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြိုတင်ရှောင်ရှားနေကြဖို့နဲ့ လေကြောင်းအန္တရာယ်ကိုလည်း အထူးဂရုစိုက်ကြဖို့ မြိုင် ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

“တရားဝင် လူသတ်လိုင်စင်” ပေးသည့် စစ်တပ်ရွေးကောက်ပွဲ အားပေးအားမြောက်သူများကို အရေးယူမည်ဟု KNU တပ်မဟာ ၃ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်တပ်ကို “တရားဝင် လူသတ်လိုင်စင်” ပေးသူတွေဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

အာဇာနည်ဗိမာန်မှ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက် အကြမ်းဖက် မင်းအောင်လှိုင် ပထမဆုံးအကြိမ် တက်ရောက်…

ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက်ပိုင်စ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။
Read More

တပ်တွင်းနှိပ်စက်မှုများမှ ထွက်ပြေးလာသည့် စစ်ကောက်စီ တပ်ကြပ် စံမိုး၊ “တပ်ထဲမှာ ကျနော် မကြာခဏ အချုပ်ထဲရောက်ပါတယ်၊ အင်ပင်စခန်းမှာဆို ကျနော့်ကို အမြဲထိုးလိုက်၊ ကြိတ်လိုက်နဲ့”

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တပ်တွင်းအနိုင်ကျင့်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ် ၁ယောက်ကို သွားရောက်ကယ်ဆယ်ရင်းလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။