ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက် နေ့လည်ပိုင်းက မိုးဗြဲမြို့ပေါ်တိုက်ပွဲအတွင်း အမှတ် ၁၀၀၇ -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ရဲ့ တိုက်ခိုက်ရေးရဲဘော် တပ်စိတ်မှူး ရဲဘော် ဖရန်စစ္စကို (ခ) ဖကြောင်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်က်ု တော်လှန်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ကျဆုံးရဲဘော် ဖရန်စစ္စကိုအနေနဲ့ တပ်ရင်းက ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့သလို တိုက်ပွဲတိုင်းမှာလည်း ရွပ်ရွပ်ချွန်ချွန် ပါဝင်ဆင်နွဲခဲ့တဲ့ တက်ကြွရဲရင့်တဲ့ ရဲဘော်တစ်ယောက် ဖြစ်တယ်လို့ မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က ဆိုပါတယ်။

ကျဆုံးရဲဘော်ရဲ့ ပေးဆပ်မှုဟာ တပ်ရင်းတပ်ဖွဲ့အတွက်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တဲ့အတွက် တပ်ရင်းမှ မိသားစုနဲ့ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရသလို ကျဆုံးရဲဘော်ရဲ့ စွန့်လွတ်စွန့်စားပေးဆပ်မှုကို အစဥ်အောက်မေ့သတိရကာ ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်းက ဆိုပါတယ်။

ကျဆုံး ရဲဘော် ဖရန်စစ္စကိုကို မိုးဗြဲ PDF – ၁၀၀၇ တပ်ရင်းရဲ့ ၂၄ ယောက်မြောက် ကျဆုံးအာဇာနည်သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုကာ အစဥ်အမြဲ အလေးနီဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။
Read More

စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ လွတ်လပ်ပြီး မမျှတနိုင်၊ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်စေမည်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ထပ်မံပြောကြား

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ကောလင်းမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားသည့် စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ စစ်ရှောင် မိန်းကလေးငယ် တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ၁ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။