စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်ဆီ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ပါဝင်တဲ့ 5/Fighter Group Local PDF အဖွဲ့ရဲ့ သတင်းတာဝန်ရှိသူက မောင်းကို အခုလိုပြောပါတယ်။

“သတင်းအရတော့ ၁၈ စီးတက်လာတာလို့ သတင်းရတာ။ ရိက္ခာပို့ဖို့လားတော့ မသိဘူး။ ကျနော်တို့ကတော့ ပစ်ခတ်တာကတော့ နောက်ဆုံး ၃စီးကိုပဲ ဦးတည်ထား တိုက်ခိုက်ခဲ့တာပါ။ ရှေ့ထွက် မိုင်းအပါ ၆၀ မမ ရော ၈၀မမ အဖူးတွေနဲ့ပါ ပစ်ခဲ့ပါတယ်။ နောက်ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခဲ့ပါတယ်။ ပစ်ခတ်မှုက ၄၅ မိနစ်လောက်ကြာတယ်။ အဲ့မှာ စခတွေကလည်း သူတို့အထိနာတော့ ကျနော်တို့ဘက်ကို လက်နက်အငယ်ရော အကြီးတွေနဲ့ပါ ပြန်ပစ်ခဲ့တယ်။”

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေကြေမှုတွေ ရှိနိုင်ပေမဲ့၊ သင်္ဘောတွေကတော့ ပစ်ကူယူရင်း ချင်းတွင်းမြစ်အတိုင်း ဆန်တက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ 5/FighterGroup Local PDF (MONYWA) နဲ့အတူ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ SOLO AUNG GYI(Salingyi)၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defender Of Our Motherland နဲ့ (SPECIAL GUERILLA FORCE SGF (MONYWA) တို့ အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ AYA PDF အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၄/၂၀၂၄) အခြေခံစစ်ပညာသင်တန်းက ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ် နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံ (ရုပ်/သံ)

(၄၇) ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တကျော့ပြန် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ်က နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက် ဒဏ်ရာရရှိ (ရုပ်သံ)

မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံက သိရပါတယ်။