ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ SPRING WARRIORS COLUMN က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ(၂၆)ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ယောက်ထက်မနည်း သေဆုံးပြီး စစ်ကောင်စီတပ်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂) ယောက်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး အများစုဟာ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် အလိုမတူပဲစစ်မှုထမ်းရသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ (၂၈)လက်နဲ့ ခဲယမ်းတွေနဲ့ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သလို ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပူးပေါင်းပြီး အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၅)၊ SPRING WARRIORS COLUMN ၊ တပ်ရင်း(၃၇၀၂)၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး Millions People Movement တွင် ၁ ပတ်အတွင်း ပါဝင်သည့် ပြည်သူ တသန်းခွဲကျော်အထိ ရှိလာ

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ Millions People Movement မှာ ပါဝင်လာတဲ့ ပြည်သူအရေအတွက် တသန်းခွဲကျော်အထိ ရောက်ရှိလာနေပြီလို့ သိရပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

တောင်ပိုင်းစစ်‌ဒေသက ဧရာ၀တီအတွက် တိုင်းစစ်ဌာနတစ်ခုကို စတင်ဖွဲ့စည်း

တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ…

သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မူးယစ်ဆေးဝါးသယ်ဆောင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် တာဝန်ခံတစ်ဦး SSTF တပ်ဖွဲ့ထံ လာရောက်အဖမ်းခံ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်မှာ CDF - Hakha တပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တာဝန်ခံတစ်ယောက်ဟာ Salingyi Special Task Force (SSTF) တပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ် ။
Read More

ဩစတြေးလျမှာ ပြုလုပ်တဲ့ Kachin IDP Fundraising Concert ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်ခဲ့

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။