ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၆ ရက် မနေ့က နောင်လင်းကျေးရွာနဲ့ နောင်ဖာကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး (၃၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၁၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် (၁)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဉာဏ်တောကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး (၃၁)လုံး၊ ဒရုန်းနဲ့ ဗုံး (၁၅)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၅)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံး၊ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်မှာ အာဠာဝကစစ်ကြောင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ​ရေ​ဘေးသင့်ပြည်သူတွေကို ကူညီပေးခဲ့တဲ့ ဘာသာ​ပေါင်းစုံ လူမှူ​ရေးအဖွဲ့အစည်းတွေ ကျေးဇူးတင်ကြောင်းနဲ့ ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းတွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ - အာဠာဝကစစ်​ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို လောင်စာဖြည့်ပေးနေသည့် Airbus ကို ပြည်သူများ ပါဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် Justice For Myanmar စတင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။
Read More

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

ဆောတွင် စစ်ကောင်စီ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ၊ ၈ နှစ် ကလေးငယ်အပါ အမျိုးသမီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာက ၈နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ပုလောအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား(၁)ဦး K.N.L.A တပ်မဟာ(၄) ထံ လက်နက်ဖြင့် အလင်းဝင်ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။