တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တစ်လနီးပါးကြာ တပ်စွဲပြီး ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ အထိနာပြီး ဝင်းဝကျေးရွာသို့ ဆုတ်ခွာသွားကာ တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။

အဲဒီစစ်ဆင်‌ရေးကို ပုတီးတစ်လုံးတပ်ဖွဲ့နဲ့ ကစယ်ဒိုကျားအထူးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

CDF-Mindat ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်များ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ရုပ်/သံ)

ချင်းညီနောင် (CB)/CDF-Mindat ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်တွေရဲ့ စစ် ‌ရေးလေ့ကျင့်မှု ပုံရိပ်တွေကို Chin Defence Force - Mindat က ထုတ်ပြန်လိုက်ပါတယ်။
Read More

နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်‌တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ Vest တွေကို ဝယ်ပြုနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့အခြေချတပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့ အခြေချ တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။