ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် မနေ့က ညနေပိုင်းမှာ ကျောက်မဲမြို့ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၇ တို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်အတွင်းရှိ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့သလို အခြားအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်နှင့် ဆိုင်ခန်းများ ရေစီးနှင့် မျောပါ (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၉ ယောက်နဲ့ လက်နက်အချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများက အောင်သပြေပန်းနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ရိက္ခာနှင့် အင်အားပို့ စစ်ယာဉ်တန်းကို တိုက်ခိုက်ပြီး ရိက္ခာသယ်ယာဉ် ၂ စီးအား သိမ်းပိုက်နိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ရိက္ခာနဲ့ တပ်အင်အားလာပို့တဲ့ စစ် ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီး ယာဉ် ၂ စီး သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှတ် တမ်းရုပ်သံကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို KIA စတင်တိုက်ခိုက်ထိုးစစ်ဆင်နေ (ရုပ်/သံ)

ကချင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။