ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်က ကျုံဒိုးမြို့မှတစ်ဆင့် နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မ ၄၄နဲ့ တပ်မ ၅၅ ပူးပေါင်းစစ်ကြောင်းအား တော်လှန်ရေး ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်း မှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားပြီး အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ပြီး ပျံလွှားစစ်ကြောင်းမှ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Swallow Column-ပျံလွှားစစ်ကြောင်း

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ နောင်ပိန်ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားသေး ၁ စီးနှင့် ၆ ဘီးကား ၁ စီး ရေထဲမျောပါပြီး လူ ၂ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ပျူစခန်း ၂ ခု ကို ၁၁ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်မှု ပျူ ၄ ယောက် သေ၊ ၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားပျူစခန်းနဲ့ သရော်ကိုင် ပျူစခန်းကို နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရုရှားနိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အမေရိကန်နှင့် ဂျပန်မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန် (ရုပ်/သံ)

ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံအရှေ့ပိုင်းက ကမ်ချက်ကျွန်းဆွယ်အနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုုရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

လွိုင်ကော်မြို့ မြကလပ်တောင်တော်ပေါ်ရှိ စစ်တပ်စခန်းကို ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဒုစစ်ဦးစီးချုပ် မာဝီ၏ KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်သတင်းစကား (ရုပ်/သံ)

''စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ကျွန်တော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ခြမ်းခြမ်း ချမ်းချမ်းသာသာ မနေဘူးဆိုတဲ့ အခြေအနေတစ်ခု ကို ကျွန်တော်တို့ နှလုံးသားထဲမှာ၊ ခေါင်းထဲမှာ အမြဲရှိဖို့ လိုပါတယ်။ ဒါကြောင့်မလို့ ဒီတိုက်ပွဲကို ကျွန်တော်တို့ အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီးတော့မှာ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်''
Read More

တောင်သာမြို့နယ် ဆင်တဲ့ဝတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာ ဆင်တဲ့ဝတံတားထိပ်မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။