မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဇွန်လ ၁၄ ရက်မှာ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းက ထောင်ထားတဲ့ မိုင်း ၅ လုံး ထိမှန်ကာ တပ်ကြပ်အပါအ၀င် စစ်ကောင်စီတပ်သား ၃ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ၈ ယောက် ဒဏ်ရာရ ရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ သိရတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် သံချပ်ကာယာဥ်တွေ ရှေ့ဆက်မတိုးနိင်ဘဲ ကံပြားရွာဘက် ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းဟာ ပုသိမ်-မုံရွာ လမ်းပေါ်မှာ အကြိမ်ကြိမ် မိုင်းဆွဲခံရပြီး အထိနာခဲ့သလို ဇွန်လ ၁၆ ရက်မှာတော့ တောလမ်းအတိုင်း ထပ်မံ စစ်ကြောင်းထိုးကာ ခင်ပလူကျေးရွာကို ၀င်ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၁၇ ရက်မှာတော့ အဆိုပါအကြမ်းဖက်စစ်ကြောင်းဟာ ပိတ်ဆည်ကျေးရွာကို ထပ်မံ၀င်‌ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နာရီ၀က်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပိတ်ဆည်ကျေးရွာရှိ နေအိမ်တွေ မီးရှို့ကာ စစ်ကြောင်းပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိမှု မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ဒေါင်းညီနောင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ဒရုန်းတပ်ဖွဲ့ပါဝင်တဲ့ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ စလင်းမြို့နယ် (ပကဖ)၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင် (ပကဖ)၊‌ ဒေါင်းစစ်အောင် LPDF၊ SLN LPDF၊ဗမာ့တပ်တော်၊ ပေါက်တောင်ပိုင်း ဆေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရုံးပင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးပွေ့ချီထွက်ပြေးသည့် မိခင်အပါ ၂ ဦး သေဆုံး၊ ကလေးငယ် အသက်ရှင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေဖြူတိုက်ပွဲ ၁၀ ရက်နီးပါးအထိ ကြာမြင့်လာပြီး စစ်တပ်ဘက်မှ ၃၆ ဦးထက်မနည်း သေဆုံးထား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၀ ရက်နီးပါး ကြာမြင့်လာခဲ့ပြီလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။