ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။

ရဲဘော် စတီဖင်ပေါလ်ရယ်ဟာ ဇွန်လ ၁၅ ရက်က မိုးဗြဲမြို့နယ် တိုက်ပွဲမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် CDM ဆရာဝန်၊ ဆရာမတွေက အစွမ်းကုန် ကြိုးစား ကုသပြုစုခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

DMO Local PDF တပ်ဖွဲ့အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ ဈာပန အခမ်းအနားကို ဘာသာရေးထုံးတမ်းနဲ့အညီ ကျင်းပပြီး ဂူသွင်း သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

ဈာပန အခမ်းအနားမှာ ရပ်နီးရပ်ဝေးက ပြည်သူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေ လာရောက်ကာ ဂုဏ်ပြုပို့ဆောင်ပေးခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ် ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာ CDF ကန်ပက်လက် စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၄ ယောက်  သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စရဖတွေနဲ့ပေါင်းကာ ပြည်သူကိုနှိပ်စက်နေသူတွေ အရက်ဆိုင်မှာ ရှင်းလင်းခံရလို့ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။