မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီပျူစခန်း မျှော်စင်ပေါ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကန်နီပျူစခန်းရှိ မျှော်စင်ကင်းကို ဇွန်လ ၇ရက်နေ့ကစလို့ အချိန်ယူစောင့်ကြည့်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှာ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ပျူစောထီးဟာ မျှော်စင်ပေါ်ကနေ အောက်ကို ပြုတ်ကျပြီး ဇွန်လ ၁၃ရက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“၁၀ရက်နေ့က ပစ်တဲ့ကျည် ထိမှန်လို့လား အမြင့်စင်ပေါ်က ပြုတ်ကျလို့လားတော့ အတည်ပြုလို့မရဘူး။ နောက်သုံးရက်နေမှ သေတာလို့ သိရတယ်။ ကျနော်တို့ စနိုက်ပါနဲ့ သွားပစ်တာက ပထမဆုံးအကြိမ်ပါ” လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂)၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၂) ၊ Sniperတပ်ဖွဲ့ ၊ အညာမြေပြောက်ကျားတပ်ဖွဲ့ မြိုင် ပကဖ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ မြိုင် ပကဖ နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ရှိ ရွှေဇာမဏီရွှေဆိုင်ကို သေနတ်ကိုင်လူ တစ်စုက ဓားပြမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၃x၁၀၄ လမ်းကြား ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ဧပြီ ၂၈ ရက် မနေ့နေ့လယ်ပိုင်းမှာ သေနတ်ကိုင်လူတစ်စုက ဝင်ရောက် ဓား ပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ရန် ထွက်လာသည့် အင်အား ၂၀ ခန့်ရှိ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အစ္စရေးကို ဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်တဲ့ အီရန်အနေနဲ့ ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော (ရုပ်/သံ)

ဘေရွတ်ခ်မြို့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အစ္စရေးကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၁ ရက် မနေ့ ညပိုင်းက အစ္စရေးနိုင်ငံအနှံ့ကို အီရန်က ဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

လက်နက်ချဖို့ ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် သေဆုံးခဲ့ရတဲ့ စစ်ကော်မရှင်တပ်သားများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေကို လက်နက်ချဖို့ PDF ရဲ‌ဘော်တွေက ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။
Read More

YE-U Freedom Comrades မှ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းလွှတ်တင်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။