ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
အဲဒီစာထဲမှာ ပဲခူးတိုင်း ပကဖ ကနေ စီးပွားရေးလုပ်ငန်းရှင်တွေထံ မြန်မာကျပ်‌ငွေ ၁၀ သိန်းခန့် ဆက်ကြေးကောက်ခံ ငွေတောင်းသလို ရေးသားထားပြီး “သတ်မှတ်ချိန်အတွင်း အကြောင်းမပြန်ခြင်း၊ မထီမဲ့မြင်လုပ်ခြင်းတွေ့ရပါက ပဲခူးတိုင်းဒေသအတွင်း စီးပွားရေးလုပ်ခွင့် အချိန်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ပြီး မလိုက်နာပါက ဖမ်းဆီးခေါ်ဆောင်သွားမည်။” လို့ ရေးသားထားပါတယ်။
“ဒီစာတွေ ပဲခူး၊ ပြည်၊ တောင်ငူမြို့တွေက ရွှေဆိုင်တွေဆီ တော်တော်ရောက်နေပြီလို့ ကျနော်တို့ သိရပါတယ်။ အခုစာကလည်း ရွှေဆိုင်တစ်ဆိုင်ကနေ ပေးပို့လာလို့ ကျနော်တို့ သိရတာပါ။ ကျနော်တို့မှာ အဲ့လိုမျိုးလုပ်နေတဲ့ အဖွဲ့မရှိပါဘူး။ အဲ့လိုလုပ်နိုင်တာ စကစနဲ့ ပျူတွေပဲရှိပါတယ်။ ဒီစာက အတုပါ။” လို့ ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူ ရဲဘော် G4 က သူတို့ရဲ့ ချိန်းခြောက်စာ မဟုတ်ကြောင်း မောင်းကို အတည်ပြုပြောဆိုပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်မှာ စစ်မှုထမ်း စုဆောင်းခံရသူများအနက် အယောက် ၄၀ ထွက်ပြေး၊ ၁၆ ယောက် ပြန်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင် ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ တပ်သားသစ် အယောက် ၄၀ ထွက်ပြေးသွားပြီး စစ်တပ်ထောက်ခံသူရဲ့ သတင်းပေးမှုကြောင့် ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
Read More

ညီနောင် ၃ ဖွဲ့ရော စစ်ကောင်စီပါ အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမှာ စစ်ကောင်စီ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွား

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ဟန်ပြအပစ်ရပ်ကြေညာထားပေမယ့် မြေပြင်မှာ လေကြောင်းနဲ့ရော ခြေလျင်စစ်ကြောင်းတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။