”ဖြူးမြို့နယ် ကညွတ်ကုန်းမြို့ ကျနော့်မိန်းမရဲ့ သရက်တောကျေးရွာကို သွားလည်တာ။ အဲ့မှာ ပေါ်တာမိလာခဲ့တယ်။ သင်တန်းကျောင်းမှာ ၃ လကြာတယ်။ . . . နောက်မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ပြောချင်တာကတော့ ဒီဘက်ကို အလင်းဝင်လာလို့ရှိရင် စကစ‌အကြီးအကဲတွေ ပြောသလိုမျိုး ဒီမှာ သတ်ဖြတ်မှုမရှိဘူး။ ညီအစ်ကိုတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်။ ကျနော် ဒီမှာ အလင်းဝင်နေတာ တစ်နေ့ကျ အိမ်ကို ပြန်ခဲ့ပါမယ်”

0 Shares:
You May Also Like
Read More

ဒေါ်ဖြူဖြူသင်း နှင့် ဗျူဟာ ၂၆ တာဝန်ခံ ရဲဘော်ဘီဘီ တို့ရဲ့ ဆွေးနွေးပြောကြားချက် (ရုပ်/သံ)

ရိုးမခေါ်သံ ၂ ကမ်ပိန်းကို ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေထဲက ၅၀ % ကို ဗျူဟာ ၂၆ အတွက် ကျည်ဆန်ခဲယမ်းနဲ့ ကျည်ကာတွေ ဖြည့်တင်းသွားမှာဖြစ်ပြီး ကျန် ၅၀ % ကိုတော့ စစ်ဒေသခွဲ ၂ ဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။
Read More

‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''
Read More

ကျောက်နီမော်ရွာတွင် ပျူစောထီးဒုခေါင်းဆောင် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးဒုခေါင်းဆောင် ၁ ယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ​ကျော်​​ဇေယျာမြင့်ရဲ့ ပြောကြားချက် (ရုပ်/သံ)

“ကျနော်တို့ လက်နက်ချအညံ့ခံဖို့ စဉ်းစားမိတာကတော့ ကျနော်တို့ ထွက်လာတုန်းက ကျနော့်အထက်မှာ ဗိုလ်မှူးတစ်ယောက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ ပိတ်မိသွားတယ်ပေါ့။ ကျနော် ပြောပါတယ်။ ဗိုလ်မှူး အခြေအနေမကောင်းတော့ဘူး။ အခြေအနေ မလှတော့ဘူးပေါ့။ အဲဒီအတွက် ကျနော်တို့ လက်နက်ချမှ ရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်မပြေသေးဘူးပေါ့။ နောက်ကိုလည်း စစ်ကူတွေ ထပ်လိုက်လာတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဗိုလ်မှူးလည်း ကျသွားပါတယ်”
Read More

မွန်ပြည်နယ်ကို အားဖြည့်ပေးဖို့ မွန်တွေကို တောင်းဆိုပါတယ် (အပိုင်း – ၁)

နွေဦးတော်လှန်ရေးမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းနဲ့ တွေ့ဆုံပြီး မွန်ပြည်နယ်ရဲ့ တော်လှန်ရေးအခြေအနေတွေအကြောင်း မောင်းသတင်းဌာနက မေးမြန်းထားပါတယ်။
Read More

Loikaw Local PDF ထံသို့ လက်နက်နှင့် အလင်းဝင်ရောက် ခိုလှုံခဲ့သည့် တပ်သား မျိုးသက်ဦး၏ ရင်ဖွင့်စကားသံ (ရုပ်/သံ)

"အိမ်ကို စာရောက်လာတယ်၊ မဲပေါက်တယ်ဆိုပြီးတော့၊ အိမ်ကလည်း အရမ်းစိုးရိမ်တယ်။ လာပြီး ခြိမ်းခြောက်တယ်၊ အိမ်ကို ချိတ်ပိတ်မယ်၊ မလိုက်လို့ရှိရင် ဖမ်းမယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဒီဘက်ကို ရောက်လာတာပါ''