စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။

အဆိုပါ တပ်သားသစ် ကိုထက်လင်းအောင် (ခ) ကိုကျော်ကိုဟာ မုံရွာမြို့ နမခကနေ အင်မထီးပျူရွာကိုရဟတ်ယာဉ်နဲ့ ပို့ဆောင်ခံရပြီး အဲဒီကနေတဆင့် ကန့်ဒေါင့်စခန်းသို့ စစ်ကူပို့ဆောင်ခံရတာပဲ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ကန့်ဒေါင့်စခန်းကိုသွားစဉ် လမ်းတစ်ဝက်မှာ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကနေ ထွက်ပြေးလာတာပါ။ ထွက်ပြေးဖို့ နောက်မှာ တမင်နေခဲ့တယ်လို့ ပြောပါတယ်၊ထွက်ပြေးပြီး ရဲဘော်တစ်ယောက်နဲ့တွေ့ပြီး အလင်း၀င်တာပါ။ ကျနော်တို့ဆီ မနက်ခင်းလောက် ရောက်ပါတယ်” လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ် ။

သူနဲ့ အတူ MA.1 တလက် ၊ ကျည် ၄၅တောင့် ၊ ဗုံးသီး ၁လုံး၊ ၁၄ မိုင်း၁လုံးယူဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းက ဂုဏ်ပြုငွေချီးမြှင့်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ် ။

“သူနယ်ကို မပြန်တော့ဘူး။ ပြန်အဖမ်းခံရမှာကြောင့်ပါတဲ့ ဒီမှာပဲ နေချင်တယ်ပြောပါတယ်။ ဆုချီးမြှင့်ဖို့ အစီအစဥ်တော့ရှိပါတယ်။ မပေးရသေးပါဘူး” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ကိုထက်လင်းအောင် (ခ) ကိုကျော်ကိုဟာ ဧရာ၀တီတိုင်း ပန်းတနော်မြို့နယ်ကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းလောက်မှာ အမှတ် ( ၅ ) ခြေမြန်တပ်သားသစ်အဖြစ် ခေါ်ဆောင်ခံရကာ ရေနီမြို့ နဲ့ တောင်ငူမြို့တို့မှာ စစ်သင်တန်း (၅) လတက်ခဲ့ရပြီး စစ်မြေပြင်မှာ ၂လ တာ၀န်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဇွန်လ ၉ ရက်နေ့ကလည်း ကန့်ဒေါင့်စခန်းကို စစ်ကူပို့တဲ့စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ဒုတပ်ကြပ်တစ်ယောက် လမ်းမှားပြီး ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းထံ ရောက်ရှိသွားတဲ့အတွက် လက်နက်နဲ့တကွ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် ကမ်းပါးပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပိ သေဆုံး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး စက်ကြီးအစီး ၄၀ နှင့် ကားအစီး ၃၀ ကျော်ကိုလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

ပြင်ဦးလွင်မှာ စစ်ကောင်စီဗိုလ်ကြီးဆိုသူက လုပ်ငန်းရှင်တွေကို အွန်လိုင်းပေါ်ကတဆင့် ငွေလိမ်အလှူခံနေ အာဏာပိုင်တွေက ရပ်ကွက်အလိုက် စစ်မှုထမ်းကြေး ငွေသိန်းနဲ့ချီ တောင်းခံမှုတွေရှိနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ  ဗိုလ်လောင်းသင်တန်းပို့ချပေးနေတဲ့ ဗိုလ်ကြီး မျိုးသီဟဆိုသူက အရပ်သားလူငယ်တွေရဲ့ဖုန်းကို အသုံးပြုပြီး လုပ်ငန်းရှင်တွေဆီက ငွေကြေးလိမ်လည်အလှူခံနေကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာနှင့် မာန်လည်ကျေးရွာတို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ပြည်သူများ ထိခိုက်မှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာတို့ကို စစ်‌ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။