ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 

CDF-Asho အနေနဲ့ နတ်ရေကန် ဗျူဟာကုန်းအနီး မီတာ (၁၅၀၀) ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက် တိုက်ခိုက်ရေး လုပ်နေချိန် ဇွန်လ ၈ ရက်ကနေ ဇွန်လ ၁၂ ရက်အထိ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၂၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

“ဖမ်းမိတာ ၂၃ ယောက်လုံးက စစ်မှုထမ်း တပ်သားတွေပါ။ သူတို့တွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်” လို့ ချင်းကာကွယ်ရေးတပ်(အရှို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ 

ဖမ်းဆီးရမိထားသူတွေဆီကလည်း MA-1 သေနတ် (၅) လက်၊ MA-3 သေနတ် (၃) လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင်ဖို့ကိုလည်း  ချင်းကာကွယ်ရေးတပ်(အရှို) က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။
Read More

မြန်မာဟာ ခရီးကြမ်းကြီးကို လျှောက်လှမ်းနေရဆဲဖြစ်တယ်ဆိုတာ သတိပေးနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံကမ်ပိန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူမှ ပခန်းသို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတွေအပါ ၁၄ ဦး ထက်မနည်းသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့ကနေ ပခန်းမြို့ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။