မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးလာတဲ့ အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရင်း ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၂ရက် မနေ့က မနက်ပိုင်းမှာ တောင်သာမြို့ပေါ်ကနေ ထနောင်းကုန်း ကျေးရွာဘက် ထွက်ခွာလာတဲ့ အထက်ပါ အကြမ်းဖက်စစ်ကြောင်းကို ဆင်တဲဝချောင်း အနောက်ဘက်ကမ်းမှာ တော်လှန်ရေးတပ်တွေက အသင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒီစစ်ကြောင်းကို ဗိုလ်မှူးဝဏ္ဏဌေးဆိုသူ ဦးဆောင်တာဖြစ်ပြီး ထနောင်းကုန်းကျေးရွာနေ စစ်အုပ်စုတွေနဲ့ ချိတ်ဆက်ထောက်ပို့မှုတွေ ရှိနေတာကြောင့် အခုလိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့လည်း Scorpions People Defense Force က ထုတ်ပြန်ထားပါတယ်။

“ဒီ‌ကောင်တွေက တောင်သာကနေ ထွက်လာတဲ့စစ်ကြောင်းပါ။ ‌ထနှောင်းကုန်းပျူရွာကို လက်နက်တွေ သွားပို့ဖို့ပါ။ အဲဒါကို ကျနော်တို့ တပ်ဖွဲ့တွေက သတင်းကြိုရတော့ စောင့်ကြိုတိုက်ခဲ့တာ၊ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းထားတဲ့ပြည်သူတွေထားပြီး ထွက်ပြေးသွားတာပါ” လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ယောက် ​သေဆုံးပြီး ကျန်တဲ့သူတွေလည်း ကစဉ့်ကလျားနဲ့ ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်ကိုလည်း တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထွက်ရာ လမ်းတစ်လျှောက်ကနေ ဖမ်းဆီးလာခဲ့တဲ့ အရပ်သား၇ယောက်ကိုလည်း တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်း G3 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ RPG ဖူး ၁၀ ဖူး၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၁၈ တောင့် ၊ Drone Jammer ၁ ခုနဲ့ စစ်အဝတ်အစား အသုံးအဆောင်တချို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒီတိုက်ပွဲကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ Scorpions People Defense Forc(တောင်သာအခြေစိုက်)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်၃နဲ့ မဟာမိတ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့​တာဖြစ်ကြောင်း သိရပါတယ်။

သိမ်းဆည်းရမိသည့် စစ်လက်နက်များနှင့် စစ်သုံ့ပန်းကို တွေ့ရစဥ် (ဓာတ်ပုံ Scorpions People Defense Force)

0 Shares:
You May Also Like
Read More

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်းမှာ အကြမ်းဖက်စစ်တပ် စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။  
Read More

စစ်ကော်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။