ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့) ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၄) ဦးဆောင်မှုနဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အုန်နှဲဘုတ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းတဲ့အတွက် ပြည်သူထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန်နှဲဘုတ်ရွာကို မနေ့ညပိုင်းက အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းလာတဲ့အတွက် ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်ခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

မင်းတပ်မြို့အတွင်း ညအချိန် အကြမ်းဖက်စစ်တပ် ကြဲချခဲ့သည့် ဗုံးပေါက်ကွဲမှုပြင်းအား (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Read More

အင်းလေးဒေသတွင် နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသအတွင်း နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်း ကျေးရွာအုပ်စု သပြေပင်ရှေ့အမှတ် (၁) ရပ်ကွက် နေအိမ် ၁ လုံးကို မိုးကြိုးပစ်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် နေအိမ်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကား ၁ စီး (ရုပ်/သံ)

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ အကြမ်းဖက်စစ်တပ် ကား ၁ စီးဟာ စက်တင်ဘာ ၂၇ ရက်က ကရသူရိမှ အပြန် တော်လှန်ရေးတပ်တွေ စောင့်ကြိုမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

TGYR-‌‌ ပြောက်ကျားတပ်ဖွဲ့ ရဲ့ စက်သေနတ် စမ်းသပ်ပစ်ခတ်မှု (ရုပ်/သံ)

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်က ဒေသကာကွယ်ရေးတစ်ခု ဖြစ်တဲ့ TGYR ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ဝယ်ယူထားတဲ့ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ စက်သေနတ်ကို စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းကို ရုပ်သံနဲ့တကွ အသိပေး ထုတ်ပြန်လာပါတယ်။