မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဗျူဟာမှူး လှမျိုးထွဋ် ဦးဆောင်တဲ့ အထက်ပါ ပူးပေါင်းစစ်ကြောင်းဟာ မြစ်သာမြစ်အနောက်ဖက်ခြမ်းက မန်ကျည်းခင်ရွာကို ဇွန်လ ၈ ရက် ဒီနေ့ မနက် ၂ နာရီအချိန်လောက်မှာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီးထားတဲ့ အထက်ပါစစ်ကြောင်းဟာ လက်ရှိအချိန်အထိ ဂန့်ဂေါမြို့ခလရ ၅၀ တပ်ဆီ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ ဂန့်ဂေါတစ်နယ်လုံး ဖုန်းလိုင်းတွေပြတ်တောက်နေကြောင်း ကိုမင်းဒဿက ပြောပါတယ်။

“စစ်ကြောင်းကို ခလရ ၅၀ က ဗျူဟာမှူး လှမျိုးထွဋ်ဦးစီးတာ။ အဲ့လူက ရခိုင် နမခ ၅ ကနေ မကွေး၊ မကွေးကနေမှ ဂန့်ဂေါရောက်လာတာ။ ဖုန်းလိုင်းတွေပြတ်​နေတော့ အခုထိစစ်​ကြောင်း ရောက်တဲ့နေရာကိုအတည်မပြုနိုင်သေးဘူး။ ဒါကြောင့် ဖမ်းခံထားရတဲ့သူတွေပြန်လွတ်မလွတ်မသိရသေးပါဘူး။ စစ်ကြောင်းနဲ့ပဲအတူရှိနေဦးမယ်ထင်တယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ထောက်ခံတဲ့ မီဒီယာတချို့မှာ တော်လှန်ရေးကျေးရွာတစ်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း ဖော်ပြရေးသားတာမျိုးတွေ ရှိနေပါတယ်။

ဒီဖြစ်စဥ်အပေါ် စစ်ကြောင်းကိုဦးစီးတဲ့ ဗျူဟာမှူး လှမျိုးထွဋ်ကတော့ ကျေးရွာပကဖ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်ဖို့ဖြစ်ကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေ မဖမ်းမိတာကြောင့် အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်လည်း ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးတင်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေသည့် ဝန်ထမ်းများ နေထိုင်ရာကျေးရွာအတွင်း “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားများ ကပ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ် ကျောင်းသူ မထက်မိုးဦးလည်း အသက်ဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-ကျောက္ကာလမ်းပိုင်းအတိုင်း ၁ လကျော်ကြာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လက်ရှိမှာလည်း သမိုင်းဝင်ရွှေဂူနီဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။