စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၇ ရက် မနေ့က ည ၇ နာရီကျော်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ပေါင် ၂၀၀ ဗုံးသီး ၂ လုံး နဲ့ ပေါက်ကုန်းရွာထဲကို ကြဲချသွားတဲ့အတွက် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၄ ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

“ပေါက်ကုန်းရွာက အာဏာသိမ်းပြီးကတည်းက အခုကြိမ်ဆို (၅) ကြိမ်လောက်ရှိပြီ ဗုံးကြဲခံရတာ။ မနေ့က လာကြဲတုန်းကလည်း ဘာထိတွေ့မှုမှမရှိဘဲ လာကြဲတာ ၊ ဒဏ်ရာရတဲ့သူတွေရဲ့ အခြေအနေကတော့ မစိုးရိမ်ရပါဘူး ” လို့ ထီးချိုင့်နယ်ခံတစ်ယောက်က မောင်း ကို ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၈ လုံး ထိမှန်ပျက်စီးသလို နွားတစ်ကောင်လည်း သေဆုံးခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်သားတွေ အခုလိုလေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ်ဆောင်နေတာဟာ နောက်တန်းထောက်ပို့တွေကို ဖြတ်တောက်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ထီးချိုင့်မြို့နယ် ငပိချောင်းကျေးရွာအနီးရှိ မြတ်နိုးသူ သစ်ထုတ်လုပ်ရေး ကုမ္ပဏီသစ်ကွင်းကို ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ သစ်ပုံတချို့မီးလောင်သွားသလို ၊ တိရစ္ဆာန်တချို့လည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကုန်းရွာလေကြောင်းကြဲခံရပုံ
ပေါက်ကုန်းရွာလေကြောင်းကြဲခံရပုံ
ပေါက်ကုန်းရွာလေကြောင်းကြဲခံရပုံ
0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၆ သောင်းခွဲအထိ မြင့်တက်လာ

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေဟာ ၆ သောင်းခွဲကျော်အထိ ရှိလာကြောင်း  FE5 Tanintharyi က ထုတ်ပြန်လိုက်ပါတယ်။  
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။