အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ ဇွန်လ ၆ ရက် မနေ့ကညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆန္ဒပြပွဲကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ New York City Burmese Community – NYCBC အဖွဲ့က ဦးဆောင် ပြုလုပ်ခံတယ်လို့ သိရပါတယ်။

နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာ့နွယ်ဖွားတွေဟာ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံဖို့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို စစ်လက်နက်တွေမထောက်ပံပေးဖို့ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထောက်ထားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

Photo – KyawSoe Latt
0 Shares:
You May Also Like
Read More

အင်ဒိုနီးရှားလွှတ်တော်အမတ်တွေရဲ့ အခွင့်ထူးအပေါ် ဆန္ဒပြမှုအတွင်း လူ ၄ ဦးထက်မနည်းသေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်အမတ်တွေအတွက် သတ်မှတ်ပေးထားတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားလျက်ရှိတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှား လွှတ်တော်အမတ်တွေဟာ တလကို ရူပီသန်း ၅၀ ( အမေရိကန်ဒေါ်လာ ၃,၀၀၀) တန်ဖိုးရှိ လစဉ်ထောက်ပံ့စရိတ်ရရှိကြောင်း သတင်းတွေကြောင့် ပြည်သူတွေ ဒေါသထွက်ပြီး ယခုသီတင်းပတ်အစကတည်းက ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပါ။
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ၂ ဦးနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနဲ့ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူး Ms. Mathilde Teruya နဲ့ မြန်မာ၊ ထိုင်း တာဝန်ခံ Mr. Frédéric Inza တို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။