ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲပြီးနောက် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်​ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို ဇွန်လ ၂ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ PDF တွေ ပါဝင်တဲ့ ပူး​ပေါင်းတပ်​တွေက ဆက်လက်တိုက်ခိုက်​နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် သေ့ဘောဘိုးတပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်​ရှောင်လာကြတယ်လို့ ထိုင်း​ဒေသတွင်းသတင်းဌာနတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က ​နယ်စပ်မျဥ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကို လုံခြုံရေးတိုးမြှင့်ကာ အသင့်အနေအထား နေရာယူထားပြီး အမြဲမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေထဲ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေထဲမှာ သေ့​ဘောဘိုးစခန်း၊ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းနဲ့ နော်တရာ(​နောင်ခလာ)စခန်းတို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးရာနေရာနှင့် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည့် ထိုင်းစစ်တပ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ဆေးဝန်ထမ်းဌာနက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို တပ်ရင်း ခမ်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောင်နေစဉ် ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် တိုင်းပြည်က တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင် ပြော

ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ 
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းစစ်ဒေသ တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ ဆိပ်ညံရေတင်ရုံး ခေါ် ရေကြောင်းစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး အကြမ်းဖက်စစ်သား ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။