စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်၊ ကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မင်းကွန်းမြို့နယ် ကင်းရွာရှိ နေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို မေလ ၂၈ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာပါ။

နှစ်ဘက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့‌တွေ ပူးပေါင်းလုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ယူနီကွန်းပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ Paragon Hotel မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

အင်အားပြင်းငလျင်လှုပ်ခတ်မှုကျကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ Paragon Hotel အတွင်း ၃ ရက် ကြာ ပိတ်မိနေတဲ့ အသက် (၁၉)အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို မတ်လ ၃၀ ရက် မနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မြင်းခြံနဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ၇ ရက်တာ ထိတွေ့တိုက်ပွဲ (ရုပ်/သံ)

မြင်းခြံမြို့နဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ၇ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို Myingyan Black Tiger (MBT) က အသိပေး ထုတ်ပြန်ပါတယ်။