မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ လုပ်ငန်းတွေဖြစ်တဲ့ တိုက်တာအဆောက်အဦး ရှင်းလင်းရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို ဇွန်လ ၂ ရက် ဒီနေ့ကနေ ဇွန်လ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ဖော်ပြထားပါတယ်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေ ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းစဥ်တွေဟာ ၂ လကြာတဲ့အထိ မပြီးစီးတဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အဆောက်အဦးတွေ ထပ်မံပြိုကျပျက်စီးတာတွေ ကြားသိရတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလကို သက်တမ်းတိုးလိုက်တာ ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။

အခုထုတ်ပြန်ကြေညာချိန်ကစလို့ ညီနောင် ၃ ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးကလွဲလို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးများ စုဖွဲ့မှုကောင်းကောင်းနှင့် အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ဗျူဟာ အမှတ် (၁၉) စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အ​​​​ခြေချရာ နေပြည်တော်အထိ ထိုးဖောက်နိုင်ဖို့ အပါအဝင် စစ်တောင်းမြစ်ဝှမ်း​ဒေသ စိုးမိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး နေပြည်တော်တိုင်းစစ်ဌာနက ဗျူဟာအမှတ် (၁၉) ကို တပ်ရင်း ၄ ရင်းနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း Nay Pyi Taw PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

မြဝတီ ခလရ ၂၇၅ မှ ထွက်ပြေးအလင်းဝင်လာသူ ၃ ဦး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိဟု ဗျူဟာ ၃၁ ပြော

ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပ သုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG ယာယီသမ္မတ ပြောကြား

မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ GTC ရှိ အကြမ်းဖက်စစ်အုပ်စု နေရာများ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။
Read More

စစ်သုံ့ပန်းဟောင်း စစ်ကိုင်းတိုင်း စစ်တိုင်းမှူး မျိုးမင်းထွေး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။