ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးချေမှုန်းခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၂၇ ရက်ကစတင်ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် DKBA ဌာနချုပ် ဆုံဆည်းမြိုင်သို့ ရောက်ရှိနေတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာတဲ့စစ်ကြောင်းဖြစ်ပြီး အယောက် ၃၀ ကျော် ဖမ်းဆီးမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိ သေ့ဘောဘိုးရွာရှိ စစ်ကောင်စီစခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

Video – Thoolei Poe
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ၁၀ စီးဖြင့် ဗုံးကြဲ၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်း ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထန်တလန် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗောဓိတစ်ထောင်လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 Local People Defense Force Monywa က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။