စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုဒဏ်ခံနိုင်တဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်နိုင်ဖို့ ရန်ပုံငွေ လိုအပ်ချက်ရှိတဲ့အတွက် ပြည်သူလူထု ဝိုင်းဝန်းကူညီကြဖို့ ဦးမင်းကိုနိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဆေးရုံဆေးခန်းတွေ၊ စာသင်ကြောင်းတွေ၊ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်လာတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိလာတဲ့ ရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေကို ဆေးကုသပေးမယ့် စိတ်ချလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့လိုလာပြီလို့ ဆိုပါတယ်။

ဆေးကုသပေးမယ့်နေရာမှာ ကျန်းမာရေး CDM ဝန်ထမ်းတွေ၊ လေ့ကျင့်သင်ကြားပေးထားသူတွေ လူသားအရင်းအမြစ်အပြည့်ရှိပြီး လိုအပ်တဲ့ ကိရိယာတွေကိုလည်း ရှိတာနဲ့ဖြစ်အောင် လုပ်ဆောင်နေကြတဲ့အတွက် လိုအပ်နေတာဟာ စိတ်ချလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းဒဏ်ကို ခံနိုင်ပြီး စိတ်ချလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်နိုင်ဖို့ ပြည်သူလူထု ပူးပေါင်းပါဝင်ပေးကြဖို့ ဦးမင်းကိုနိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

Safe Hospital, Safe Healthcare Fundraising Campaign အတွက် အမေရိကန်ဒေါ်လာ ၄ သိန်းရည်မှန်းထားပြီး ကမ်ပိန်းကာလကို မေလ ၂၄ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

OFP Fund Raiser တွေ၊ GoFundMe (Brighter Future Foundation နှင့် HDFM) နဲ့ Spring CrowdFund (SCF) တို့ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး မြန်မာနိုင်ငံမှာ ဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းတဲ့ ဆေးရုံတွေ တည်ဆောက်နိုင်အောင် ပါဝင်ကူညီလှူဒါန်းကြဖို့ ဦးမင်းကိုနိုင်မှာ ဖိတ်ခေါ်လိုက်ပါတယ်။

Video – Ministry of Health, National Unity Government of Myanmar
0 Shares:
You May Also Like
Read More

CDF-Mindat ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်များ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ရုပ်/သံ)

ချင်းညီနောင် (CB)/CDF-Mindat ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်တွေရဲ့ စစ် ‌ရေးလေ့ကျင့်မှု ပုံရိပ်တွေကို Chin Defence Force - Mindat က ထုတ်ပြန်လိုက်ပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ပန်ဝါမြို့အနီး တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် တရုတ်တာဝန်ရှိသူတွေက နယ်စပ်ဂိတ်ပိတ်ပြီး စစ်ရှောင်ပြည်သူတွေကို ဖွင့်ခွင့်ပိတ်ပင် (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့အနီး KIA ဦး‌ဆောင်တဲ့တော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်တွေတိုက်ပွဲဖြစ်ပွားနေချိန်အောက်တိုဘာ၁၇ရက်မနက်ပိုင်းကစတင်ပြီးတရုတ်တာဝန်ရှိသူတွေကနယ်စပ်ဂိတ်ပိတ်ကာစစ်ရှောင်ဖို့ကြိုးစားတဲ့ပြည်သူတွေကိုဖွင့်ခွင့်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။