မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့ စစ်အုပ်စုတွေရှိရာကို ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၂၇ရက်နေ့ မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက်မှာရှိတဲ့ စစ်အုပ်စုတွေရဲ့ မင်္ဂလာဆောင်ပွဲကို တော်လှန်ရေးတပ်တွေက ရော့ကတ် ၃လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ မင်္ဂလာဆောင်ပွဲကျင်းပရာ နေရာနဲ့ စစ်အုပ်စုအထိုင်စခန်း အပါအဝင် လုံခြုံရေးယူ ကင်းပုန်းရှိရာဆီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“မင်္ဂလာပွဲက သူတို့အတွင်းအဖွဲ့တွေပါပဲ။ စစ်သားရယ်၊ ပျူစောထီးရယ်၊ ရဲတွေရယ်ပဲရှိတာပါ။ ပြည်သူတွေက မသွားပါဘူး။ သူတို့က ဟုတ်တဲ့ကောင်တွေမှ မဟုတ်တာ တော်ကြာနေ ပေါ်တာဆွဲနေရင် အခက်ဖြစ်မှာမလို့ မသွားကြပါဘူး။ ကျနော်တို့လည်း အခြားရွာထဲက ပြည်သူတွေ မထိအောင် အတော်ကြိုးစားပြီး ချိန်တွယ်ပစ်ခတ်ခဲ့ရပါတယ်။ မိုးကလည်း တအားသည်းနေပြီးတော်တော်ကို ကြိုးစားခဲ့ရပါတယ်။” လို့ COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ – အင်ပင်ရွာ ပျူစခန်းကို ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်နေစဥ်

“အင်ပင်ရွာရဲ့ ပတ်ချာလည်မှာ ဒီကောင်တွေရဲ့ကင်းပုန်းတွေရှိတယ်။ အင်အားတင် စုစုပေါင်း ၂၀၀လောက် ရှိမယ်။ ကျနော်တို့ ကပ်မရအောင်ကို လုပ်ထားတာ။ အဲ့ကင်းပုန်းတွေကနေ ကျနော်တို့ဆီလက်နက်ကြီးတွေ ပြန်ပစ်ပါတယ်။ အထိအခိုက်မရှိ ဆုတ်နိုင်ခဲ့ပါတယ်။” လို့လည်း ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အ​သေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

အင်ပင်ရွာပျူစခန်းတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ နဲ့အတူ Borderless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ BaNyein Guerrilla Force နဲ့ COBRA ONE Pakokku တပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းဆင်းပွဲ…

တနင်္သာရီတိုင်းအခြေစိုက် ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်ကားရာ စျေးတစ်ခုမှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ ပြည်သူလူထုကို လှုံ့ဆော်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ ဆင့်ခေါ်မှုအပေါ် ပြည်ပရောက် မြန်မာလုပ်သားတွေ ငြင်းဆို

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရေးအတွကိ ညွှန်ကြားစာ ထုတ်ပြန်ခြင်းနဲ့ ကတိကဝတ် စာချုပ်လက်မှတ် ရေးထိုးခိုင်းခြင်းတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေကတော့ ပြန်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။