ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း ‌(၄) နှစ်ပြည့် အခမ်းအနား၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားတို့ကို စုပေါင်းပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်က စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်းက အဆိုပါအခမ်းအနား ၃ ခုကို တစ်ပြိုင်တည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလံတော်ကို အလေးပြုတာ၊ သင်တန်းဆင်းရဲဘော်တွေ ကျမ်းသစ္စာကျိန်ဆိုတာနဲ့ သစ္စာရေသောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တပ်ရင်းတာဝန်ရှိသူတွေ မိန့်ခွန်းပြောကြားခဲ့ပြီး ကျဆုံးရဲ‌ဘော်တွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း ဂုဏ်ပြုငွေထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။