မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ ရှမ်းလူမျိုးတွေနဲ့ မြန်မာပရိသတ်အကြား လူကြိုက်များတဲ့ လူပုဂ္ဂိုလ်တွေကို ငှားရမ်းကာ ထိုင်းနိုင်ငံက ထိုင်းအစိုးရပိုင်အပါအဝင် မြေအရောင်းအဝယ်တွေ တိုက်ရိုက်ထုတ်လွှင့်ကာ ပြုလုပ်နေပြီး ပဋိပက္ခဒဏ်ခံစားနေရသူတွေအတွက် ခိုလှုံရာအဖြစ် ဆွဲဆောင်ရောင်းချနေတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ The Nation)


မြေရောင်းချနေသူတွေ လက်််််ညှိုးထိုးရောင်းချနေတဲ့ မြေတွေကတော့ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပြည်သူပိုင်မြေတွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနပိုင်မြေ၊ သစ်တောကြိုးဝိုင်းတွေ၊ ကာကွယ်ထိန်းသိမ်းထားတဲ့ ဥယျာဉ်တွေနဲ့ နာမည်ကျော် ဒွိုင်နန်းနွန်းတောင် အနီးတဝိုက်ရှိ မြေတွေကို ဗွီနိုင်းဆိုင်းဘုတ်တွေနဲ့ရော အွန်လိုင်းကနေပါ ရောင်းချနေရာ ကြော်ငြာပြီး ရောင်းချပေးသူတွေကိုပါ အကျိုးဆောင်ခ ပေးထားတယ်လို့ The Nation သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေကို ဦးတည်တဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကြော်ငြာတွေမှာတော့ အဆိုပါမြေယာတွေဟာ နယ်စပ်နဲ့ နီးကပ်ကာ မြန်မာနိုင်ငံရှိ တာချီလိတ်မြို့ကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာ သွားလာနိုင်တယ်လို့ ဆိုပြီး ထိုင်းမြေယာပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေတွေကို မသိရှိတဲ့ မြန်မာနိုင်ငံသားတွေ စိတ်ဝင်စားမှုရရှိအောင် လိမ်လည်စျေးကွက်တင်နေတယ်လို့ သိရပါတယ်။

ကိုးကား – Shan influencer pitches Thai land to Myanmar buyers online

 

0 Shares:
You May Also Like
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို

“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်”
Read More

“နင့်ကို ငါတို့ မကြိုဆိုဘူး … လူသတ်ကောင် မင်းအောင်လှိုင်” ဆိုင်းဘုတ်ကိုင်စွဲကာ ထိုင်းတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ထိုင်းနိုင်ငံကို (BIMSTEC) အစည်းအဝေး တက်ဖို့ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဘန်ကောက်မြို့ Bangkok Art and Culture Centre ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။