မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “ရာမညမွန်တပ်တော်- RMA” နဲ့အတူ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။

စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို တော်လှန်ပြီး၊ မွန်ပြည်သူတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် ရည်ရွယ်ကာ မနေ့က မေလ ၂၄ ရက်မှာ NMSP-AD နဲ့ MLA တို့ ၂ဖွဲ့ ပူးပေါင်းပြီး နိုင်ငံရေးဦးဆောင်မှု (NMSP-AD)၊ စစ်ရေးဦးဆောင်မှု (RMA) အနေနဲ့ တော်လှန်ရေးကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အခုလို ပူးပေါင်းဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဂုဏ်ပြုကြိုဆိုကြောင်း၊ ဒီကနေ့ဟာ မြန်မာစစ်ခေါင်းဆောင်တို့ရဲ့ စစ်အာဏာရှင် ယန္တရားကို ပြည်သူတရပ်လုံးက သက်ဆိုင်ရာ ဒေသအသီးသီးမှာ ရရာလက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲ့ အမြင့်ဆုံး အခြေအနေရောက်ရှိလာပြီဖြစ်ကြောင်း၊ အခုလို မွန်လူမျိုးတို့အတွက် တခုတည်းသော ရာမညမွန်တပ်တော်ကို ပေါင်းစပ်ပြီး ထူထောာင်လာတာဟာ မှန်ကန်တဲ့ တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်ရှိလာတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် PSLF/TNLA အနေနဲ့လည်း ရာမညမွန်တပ်တော် – RMA ကို ဘဝတူတော်လှန်ရေး မဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထား ထုတ်ပြန်လာတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စက်တပ်လေထီး ပစ်ချခံထားရသည့် မြိုင်နှင့်ပေါက်အစပ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်အုပ်စုဘက်အထိနာပြန်ဆုတ်သွား

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ စစ်တပ်ရဲ့ ပါရာမော်တာ စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးတဲ့နောက် အဆိုပါ နေရာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သံတွဲမြို့နှင့် ဂွမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။
Read More

အစိုးရတွေ အကျိုးအမြတ်ရပြီး ဒေသခံပြည်သူတွေ နစ်နာစေမယ့် သံလွင်မြစ်ပေါ် ဟတ်ကြီးရေကာတာကို ကရင်ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံမှာ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားနဲ့အတူ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်ဆုံးရှုံးရဲဘော်တွေကို လစဉ်ထောက်ပံ့ငွေတွေ စတင်ပေးအပ်

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။