မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP(AD) ရဲ့ တပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မေလ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

NMSP(AD)နဲ့ MLA တို့ ၂ ဖွဲ့ဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး စတဲ့ ရည်ရွယ်ချက်တွေ NMSP ပေါင်းစည်းခဲ့တာဖြစ်ကြောင်း နှစ်ဖက်အဖွဲ့တွေက ကြေညာပါတယ်။

NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တို့ပါဝင်တဲ့ NMSP (AD) နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် (၂၆) ယောက်နဲ့ ဖွဲ့စည်းလိုက်ပြီး ကော်မတီရဲ့ ဦးဆောင်မှုနဲ့ RMA ရဲ့ စစ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“NMSP-AD က ကျွန်တော်တို့ ခေါင်းဆောင်တွေရော MLA က ခေါင်းဆောင်တွေရော ပါဝင်တဲ့ အဖွဲ့အနေနဲ့ NMSP-AD အနေနဲ့ ဆက်လက်ရှိသွားမှာ ဖြစ်တယ်။ ဆိုလိုတာက နိုင်ငံရေးမှာ NMSP-AD အနေနဲ့ ဆက်လက် ဦးဆောင်သွားမှာ ဖြစ်တယ်။ တပ်ကလည်း ကျွန်တော်တို့ NMSP-AD/ NMLA-AD နဲ့ MLA တပ် ၂ခုကို ပေါင်းပြီး ရာမညမွန်တပ်တော် RAM အနေနဲ့ ဆက်ရှိသွားမှာ ဖြစ်တယ်” လို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက မောင်းကို ပြောပါတယ်။

တခြား မွန်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ကိုလည်း “တခြားအဖွဲ့တွေကတော့ နိုင်ငံရးဆိုင်ရာ ကိစ္စရပ်တွေမှာ အဆင်သင့်မဖြစ်သေးလို့ ပေါင်းစည်းဖို့ကို မလုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒီလက်တွေ့ အခြေအနေမှာတော့ ပူးတွဲ လှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲပါ။ ပေါင်းစည်းရေး ကိစ္စမှာတော့ ကျွန်တော်တို့ အမြဲ တံခါးတွေ ဖွင့်ထားပါတယ်” လို့ နိုင်ကောင်းစကားက ဆက်ပြောပါတယ်။

အခု ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ NMSP(AD)/RMA အနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးတိုင်းအရှေ့ပိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးနေ

မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုသိမ်မြို့ အကြမ်းဖက် တိုင်းစစ်ဌာနချုပ်က သေဆုံးစစ်သားတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိုးတိုးတိတ်တိတ် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ် စစ်သင်တန်း လေ့ကျင်ရေးကျောင်းကနေ ရှမ်းပြည်အပို့ခံရတဲ့ အပတ်စဉ် ၅ စစ်သင်တန်းသား ၈ ယောက် မိုင်းထိ သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။