ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ကွပ်ကဲမှုနဲ့ မန္တလေးဒေသ၊ ရှမ်း-မန်း စစ်ဆင်ရေး နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ တမူးဒေသစစ်ဆင်ရေးတွေမှာ လပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မိခင်တပ်ရင်းတွေဆီပြန်လာတဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကရဲဘော်တွေကို ဒေသခံ ပြည်သူလူထုက နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

BLDF အနေနဲ့ မန္တလေးဒေသနဲ့ တမူးဒေသတွေမှာ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ လက်တွေ့ စစ်ရေးတိုက်ပွဲ သင်ခန်းစာတွေနဲ့အတူ အညာဒေသရှိ မိခင်အခြေစိုက်နယ်မြေများသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ BLDF ကထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ဆင်ရေးများအတွင်း BLDF မှ ရဲဘော် (၄) ဦးဟာ စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ရှေ့တန်းစစ်မျက်နှာမှာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ပြီး ရဲဘော် (၁၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ်တို့ကို ကိုင်စွဲပြီး လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ကာ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်တဲ့အထိ ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားမည်လို့ ပြည်သူလူထုကို တိုင်တည်သစ္စာပြုပါကြောင်း BLDF ကထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေပြီး၊ (၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အောက်တိုဘာလအတွင်း လူသားချင်းစာနာမှုနှင့် သဘာဝဘေး ခံစားရသူများအတွက် ငွေကျပ် (၂၁၃.၁၂) သန်း ပံ့ပိုးနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။