အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မလေးရှားမှာကျင်းပမယ့် အဲဒီအစည်းအဝေးတွေမှာ တခြားပြဿနာရပ်တွေမပါဝင်ဘဲ မြန်မာ့အရေးကို အထူးအာရုံစိုက်ပြီး ဆွေးနွေးသွားမှာဖြစ်တာကြောင့် “အသစ်အဆန်းဖြစ်တယ်” လို့ အကြီးအကဲ Kao Kim Hourn က Reuters ကို အင်တာဗျူးမှာ ပြောပါတယ်။

အစည်းအဝေးမှာ ဘယ်ကိစ္စကို ဆွေးနွေးမလဲဆိုတာ ဒါမှမဟုတ် အဆိုပြုချက်အသစ်တွေ ရှိသလားဆိုတာကိုတော့ သူ့အနေနဲ့ မပြောခဲ့ပါဘူး။

ပထမအစည်းအဝေးမှာ လက်ရှိ၊ ယခင်နဲ့ လာမယ့် အာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ လာအိုနဲ့ ဖိလစ်ပိုင်တို့ ပါဝင်မှာဖြစ်ပြီး ဒုတိယတစ်ခုမှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn (ဓာတ်ပုံ Reuters)


မြန်မာ့အရေး အခြေအနေ တိုးတက်မှု မရှိတဲ့အပေါ် မေးမြန်းရာမှာတော့ Kao Kim Hourn က အာဆီယံရဲ့ အလုပ်သေးမဖြစ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို “ကောင်းမွန်တယ်” လို့ ကာကွယ်ပြောဆိုထားပြီး ဒါကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်သူအားလုံးကို သူက တိုက်တွန်းခဲ့ပါတယ်။

“ဒီပြဿနာကို မြန်မြန်ဖြေရှင်းလိုက်နိုင်ဖို့ အဖွဲ့တစ်ခုခုက မျှော်လင့်နေတာဆိုရင် အဆင့်ကျော်သလို ဖြစ်နေပါလိမ့်မယ်။ ကျနော်တို့အနေနဲ့တော့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံသွားဦးမှာပါ” “ဒါပေမဲ့ အချိန်ယူရလိမ့်မယ်။ မြင်တဲ့အတိုင်းပဲလေ ပြဿနာက ငါတို့တွေ သိပ်ပြီးစိတ်မရှည်ကြတာပဲ” လို့ သူက ပြောပါတယ်။

“ပြီးတော့ ငါတို့တွေ (ပဋိပက္ခတွေကို) လျော့ကျစေသရွေ့၊ တိုက်ပွဲကြီးတွေကို သေးသွားစေသရွေ့၊ ငါတို့လူတွေကို စားပွဲဝိုင်းပေါ် ဆွဲခေါ်နိုင်သရွေ့၊ ဒါတွေက တိုးတက်မှုတွေပါပဲ” လို့ သူက ဆိုပါသေးတယ်။

ပြီးခဲ့တဲ့မတ်လက မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲထားပေမယ့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ အတော်များများ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ် မှတ်ချက်ပေးဖို့ကိုတော့ သူ့အနေနဲ့ ငြင်းဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ဘယ်သူက ချိုးဖောက်ခဲ့တယ်ဆိုတာ မရှင်းလင်းနေဘူးလို့ ပြောပါတယ်။

မူရင်းသတင်း – ASEAN to dedicate two meetings to Myanmar conflict next week, chief says 

0 Shares:
You May Also Like
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီအရေး ထိုင်းအစိုးရ ကြားဝင်ဖြေရှင်းသင့်ကြောင်း ထိုင်းအမတ် ကန်နာဝီ ပြော၊ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးထိခိုက်မှာကို ထိုင်း စိုးရိမ်နေဟု ဆို

အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မေလ ၁၂ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းကို ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချသလို ထိုင်းအစိုးရအနေနဲ့လည်း ကြားဝင်မှုတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တိုက်တွန်းလိုက်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

စောချစ်သူ ဘုရားကျောင်းနှင့် စာသင်ကျောင်းများ ဆောက်နေပြီး ထွက်ပြေးတာ မရှိဘူးဟု BGF ပြောခွင့်ရ  နိုင်မောင်ဇော် ပြော

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှု ခံထားရသူလည်းဖြစ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လည်ပတ်ရာမှာ အဓိကကျတဲ့နေရာက ပါဝင်သူတစ်ယောက်လည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောင်လုပ်နေပြီး အပြစ်မရှိတာကြောင့် ထွက်ပြေးတာမရှိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြပါတယ်။ 
Read More

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး စစ်အုပ်စုကို ဖိအားပေးရန် နိုင်ငံတကာကို NUG တိုက်တွန်း

ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှ “ပွင့်လန်းပါစေ မြန်မာပြည်” ဓာတ်ပုံပြပွဲ

“ကိုးရီးယားမှာလည်း ၁၉၈၇ ဇွန်လမှာ ကျောင်းသားအရေးခင်း တခုရှိခဲ့ပါတယ်။ အဲ့ဒီအထိန်းအမှတ်အနေနဲ့ စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ကိုးရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ခရီးကြမ်းရှိခဲ့တယ်ဆိုတာကို လက်ရှိ တောင်ကိုးရီးယားနိုင်ငံသားတွေ သိရှိအောင်…. ပြီးတော့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေတွေကို သွေးမအေးသွားအောင် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူးကိုလင်းအိမ် က မောင်းသတင်းဌာနကို ပြောပါတယ်။